ထိုနောက်သူသည်ပေနွေလမြို့သို့သွား၍ ရှေးနည်းတူ ထိုမြို့သားတို့ထံမှအကူအညီ တောင်းခံသော်လည်း ပေနွေလမြို့သားတို့က သုကုတ်မြို့သားတို့နည်းတူပြန်လည်ဖြေ ကြားကြ၏။-
ယာကုပ်သည်တင်ပါးကြွက်သားတွင်အထိုး ခံခဲ့ရသည်ဖြစ်သောကြောင့် ယနေ့ထက်တိုင် ဣသရေလအမျိုးသားတို့သည်တင်ပါး ကြွက်သားကိုမစားကြချေ။
ဣသရေလဘုရင်ယေရောဗောင်သည်တောင် ပေါများသောဧဖရိမ်ပြည်၊ ရှေခင်မြို့ကို တံတိုင်းကာပြီးလျှင်ကာလအတန်ကြာမျှ နန်းစံတော်မူ၏။ ထို့နောက်ထိုမြို့မှထွက်ခွာ ၍ပေနွေလမြို့ကိုတံတိုင်းကာတော်မူ၍၊-
ထာဝရဘုရား၏ကောင်းကင်တမန်က ``မေရောဇမြို့ကိုကျိန်ဆဲကြလော့။ ထိုမြို့သားတို့အားကျိန်ဆဲကြလော့။ သူတို့သည်ထာဝရဘုရား၏ဘက်မှ ကူညီရန်မလာကြ။ ထာဝရဘုရားအတွက်တိုက်ခိုက်ရန် စစ်သည်တော်များမလာကြ'' ဟုမြွက်ဆို၏။
သိုးမွေးညှပ်သူတို့အတွက်ပြင်ဆင်ထားသည့် ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍လေလွင့် နေသူတို့အားမပေးနိုင်'' ဟုပြန်၍ပြော၏။