သူကြီး 8:4Common Language Bibleထိုအခါ၌ဂိဒေါင်နှင့်သူ၏တပ်သားသုံး ရာတို့သည် ယော်ဒန်မြစ်သို့ရောက်ရှိလာ ကာမြစ်ကူးဖြတ်ပြီးဖြစ်သည်။ သူတို့သည် အလွန်ပင်ပန်းနွမ်းနယ်လျက်နေကြသော် လည်းရန်သူအားဖိ၍လိုက်လျက်ပင်။- အခန်းကိုကြည့်ပါ။ |
သူတို့သည်မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့ကိုလက်ရဖမ်းမိသ ဖြင့် သြရဘအားသြရဘကျောက်၌လည်း ကောင်း၊ ဇေဘကိုဇေဘစပျစ်သီးနယ်ရာ အရပ်၌လည်းကောင်းကွပ်မျက်လိုက်ကြ လေသည်။ သူတို့သည်မိဒျန်အမျိုးသား တို့နောက်သို့ဆက်လက်လိုက်လံကြပြီး နောက် သြရဘနှင့်ဇေဘတို့၏ဦးခေါင်း ကိုယော်ဒန်မြစ်အရှေ့ဘက်ကမ်းသို့ရောက် ရှိနေသောဂိဒေါင်၏ထံသို့ယူဆောင်ခဲ့ ကြ၏။
သင်တို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့အားကွပ်မျက်နိုင်ခဲ့ ကြလေပြီတကား။ ထိုအမှုနှင့်နှိုင်းယှဉ် လောက်အောင်ငါသည်အဘယ်အမှုကိုပြု နိုင်ခဲ့ပါသနည်း'' ဟုပြန်ပြောသောစကား ကိုကြားလျှင်သူတို့သည်အမျက်ပြေ ကြ၏။
ထိုအခါဒါဝိဒ်သည်ထာဝရဘုရား အား``အကျွန်ုပ်သည်ဤမြို့ကိုတိုက်ခိုက် လုယက်သူတို့၏နောက်သို့လိုက်ရပါမည် လော။ သူတို့အားဖမ်းဆီးရမိပါမည် လော'' ဟုမေးလျှောက်၏။ ကိုယ်တော်က``သူတို့၏နောက်သို့လိုက်လော့။ သင် သည်သူတို့ကိုဖမ်းဆီးရမိ၍သုံ့ပန်းများ ကိုကယ်ဆယ်နိုင်လိမ့်မည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။