Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 8:35

Common Language Bible

သူ​တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​အ​တွက် ဂိ​ဒေါင် ပြု​ခဲ့​သ​မျှ​သော​ကောင်း​ကျိုး​များ​အ​တွက် သူ​၏​အိမ်​ထောင်​စု​သား​များ​အ​ပေါ်​တွင် ကျေး​ဇူး​ကန်း​ကြ​ကုန်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​မိ​မိ​အား​ဇာ​ခ​ရိ​၏​ဖ​ခင်​ယော ဒ​ယ​သစ္စာ​ရှိ​စွာ​အ​မှု​ထမ်း​ခဲ့​သည်​ကို​သ​တိ မ​ရ​ဘဲ​သား​ကို​သတ်​လေ​၏။ ဇာ​ခ​ရိ​သည် သေ​အံ့​ဆဲ​ဆဲ​၌``ထာ​ဝ​ရ​ဘု​ရား​သည်​သင် ပြု​သည့်​အ​မှု​ကို​မြင်​၍ သင့်​အား​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။

ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ဂိ​ဒေါင်​သည်​ယေ​ရု ဗ္ဗာ​လ​ဟူ​၍​နာ​မည်​တွင်​လေ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ယော​ရှ​က``ဗာ​လ​သည်​မိ​မိ​ကိုယ်​ကို မိ​မိ​ကွယ်​ကာ​ပါ​လေ​စေ။ ဖြို​ချ​ခြင်း​ခံ​ရ သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​သည်'' ဟု​ဆို သော​ကြောင့်​တည်း။

ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​ရှေ​ခင်​မြို့ ရှိ​မိ​ခင်​ဘက်​မှ ဆွေ​မျိုး​အ​ပေါင်း​တို့​ထံ​သို့ သွား​၍​မြို့​သူ​မြို့​သား​တို့​အား``သင်​တို့​သည် ဂိ​ဒေါင်​၏​သား​ခု​နစ်​ဆယ်​စ​လုံး​၏​အုပ်​စိုး မှု​ကို​ခံ​ယူ​လို​ကြ​ပါ​သ​လော။ သို့​တည်း မ​ဟုတ်​လူ​တစ်​ဦး​တည်း​၏​အုပ်​စိုး​မှု​ကို ခံ​ယူ​လို​ကြ​ပါ​သ​လော။ အ​ဘိ​မ​လက် သည်​သင်​တို့​၏​သွေး​ရင်း​သား​ရင်း​ဖြစ် သည်​ကို​မ​မေ့​ပါ​နှင့်'' ဟု​ပြော​ကြား​စေ​၏။-

သြ​ဖ​ရ​မြို့​ရှိ​ဖ​ခင်​၏​အိမ်​သို့​သွား​၍​ဂိ​ဒေါင် ၏​သား​များ​ဖြစ်​ကြ​သော မိ​မိ​၏​ညီ​အစ်​ကို ခု​နစ်​ဆယ်​တို့​ကို​ကျောက်​တုံး​တစ်​ခု​တည်း ပေါ်​၌​သတ်​လေ​သည်။ သို့​ရာ​တွင်​ဂိ​ဒေါင်​၏ သား​ထွေး​ယော​သံ​သည် ပုန်း​ရှောင်​နေ​သော ကြောင့်​အ​သက်​ဘေး​မှ​လွတ်​မြောက်​သွား​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ