သူကြီး 8:33Common Language Bibleဂိဒေါင်ကွယ်လွန်ပြီးနောက်ဣသရေလအမျိုး သားတို့သည် ဘုရားသခင်အားတစ်ဖန်သစ္စာ ဖောက်ကြပြန်၏။ ဗာလဘုရားများကိုဝတ် ပြုကိုးကွယ်ကြပြန်၏။ သူတို့ကပဋိညာဉ် ပြုထားသည့်ဗာလဘုရားကို မိမိတို့၏ ဘုရားအဖြစ်ချီးမြှောက်ကာ၊- အခန်းကိုကြည့်ပါ။ |
ယောရှုအသက်ရှင်နေသမျှကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ယောရှု အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့အတွက် ထာဝရဘုရားပြုတော်မူ သမျှကိုတွေ့မြင်ခဲ့သည့်ခေါင်းဆောင်များ အသက်ရှင်နေသေးသမျှကာလပတ်လုံး ၌လည်း သူတို့သည်ထာဝရဘုရားကို ဝတ်ပြုကိုးကွယ်ကြ၏။
ဣသရေလအမျိုးသားတို့သည်ဗာလ ဘုရား၊ မောဘဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိ ဘုရားတို့ကိုဝတ်ပြုကိုးကွယ်ကာထာဝရ ဘုရားအားနောက်တစ်ဖန်ပြစ်မှားကြပြန်၏။ သူတို့သည်ထာဝရဘုရားအားပစ်ပယ်၍ ကိုယ်တော်ကိုဝတ်မပြုရှိမခိုးကြတော့ချေ။-
သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။-
သို့ရာတွင်ဣသရေလအမျိုးသားတို့ကမူ ထိုခေါင်းဆောင်တို့၏စကားကိုနားမထောင် ကြ။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား သစ္စာဖောက်၍အခြားဘုရားများ ကိုကိုးကွယ်ကြ၏။ သူတို့သည်ထာဝရဘုရား ၏ပညတ်တော်တို့ကိုဘိုးဘေးများစောင့်ထိန်း ခဲ့ကြသကဲ့သို့မစောင့်ထိန်းကြတော့ပေ။-
သို့ရာတွင်သူတို့သည်မိမိတို့၏ခေါင်းဆောင် ကွယ်လွန်သွားသောအခါ၌မူ ဒုံရင်းသို့ပြန် လည်ဆိုက်ရောက်ကြလျက် ယခင်လူမျိုးဆက် မှလူတို့ထက်ပင်ပိုမိုဆိုးရွားစွာပြုမူကျင့် ကြံတတ်ကြ၏။ အခြားဘုရားများကိုကိုး ကွယ်ကာ မိမိတို့၏ဆိုးညစ်သည့်လမ်းစဉ်ကို လိုက်မြဲလိုက်ကြကုန်သည်။-
ဂိဒေါင်သည်ထိုရွှေများဖြင့်ရုပ်တုတစ်ခုကို သွန်းလုပ်ပြီးလျှင် မိမိနေထိုင်ရာသြဖရ မြို့၌ထားရှိ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ဘုရားသခင်ကိုစွန့် ပစ်ကာထိုရုပ်တုကိုဝတ်ပြုကိုးကွယ်ရန် သြဖရမြို့သို့သွားကြကုန်သည်။ ယင်း သည်ဂိဒေါင်နှင့်အိမ်ထောင်စုအတွက် ကျော့ကွင်းသဖွယ်ဖြစ်လာ၏။