Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 8:23

Common Language Bible

ဂိ​ဒေါင်​က​လည်း``ငါ​သည်​သင်​တို့​အား​အုပ် စိုး​လိမ့်​မည်​မ​ဟုတ်။ ငါ​၏​သား​သည်​လည်း အုပ်​စိုး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်'' ဟု​ပြန် ပြော​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​သူ​တို့​သည် ပြည်​တော်​မှ​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို အ​ကြောင်း​ပြု​၍​ဝမ်း​မြောက်​ကြ​လော့။

ထို​လှေ​သင်္ဘော​များ​၏​ရွက်​တိုင်​နှင့်​ကြိုး​တို့ သည်​ပြုတ်​လျက် ရွက်​များ​သည်​လည်း​ဖြန့်​၍ မ​ရ​ပါ​တ​ကား။ ရန်​သူ​တပ်​မှ​ဥစ္စာ​ပစ္စည်း များ​ကို​လု​ယူ​ကြ​လိမ့်​မည်။ ထို​ပစ္စည်း​ဥစ္စာ တို့​မှာ​မြောက်​မြား​လှ​သည်​ဖြစ်​၍ ခြေ​မ​စွမ်း သူ​များ​ပင်​လျှင်​မိ​မိ​တို့​ဝေ​စု​ကို​ရ​ရှိ​ကြ လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင်​လျှင် ငါ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​ငါ​တို့​ကို​အုပ်​စိုး​၍ ကွယ်​ကာ​တော်​မူ​လိမ့်​မည်။-

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​ဘု​ရင် မ​ဟုတ်​ဘိ​သ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​တော် မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​မ​ဟုတ်​ဘိ သ​ကဲ့​သို့​လည်း​ကောင်း​ကျွန်​တော်​မျိုး​တို့​ကို ကိုယ်​တော်​ရှင်​ဆက်​ဆံ​တော်​မူ​ပါ​၏။

သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို​ယုံ​ကြည်​ရ မည်​ကို​သင်​တို့​အား​အ​မိန့်​ပေး​ရန်​ငါ​တို့ ကြိုး​စား​နေ​ခြင်း​မ​ဟုတ်။ သင်​တို့​၏​ယုံ​ကြည် ခြင်း​သည်​ခိုင်​မာ​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ ကြ​၏။ ငါ​တို့​သည်​သင်​တို့​၏​ရွှင်​လန်း​ဝမ်း မြောက်​မှု​အ​တွက်​သင်​တို့​နှင့်​အ​တူ​လုပ် ဆောင်​နေ​ခြင်း​သာ​ဖြစ်​၏။

သင်​တို့​လက်​ဝယ်​အပ်​ထား​သည့်​သူ​တို့​အ​ပေါ် တွင်​အ​စိုး​တ​ရ​မ​ပြု​ကြ​နှင့်။ သိုး​စု​၏​ရှေ့​၌ စံ​န​မူ​နာ​ကောင်း​ကို​ပြ​ကြ​လော့။-

သူ​တို့​က``ဤ​တိုက်​ပွဲ​တွင်​ငါ​တို့​အား​အ​ဘယ် သူ​ဦး​ဆောင်​ပါ​မည်​နည်း။ ဦး​ဆောင်​မည့်​သူ သည်​ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့​၏​ခေါင်း ဆောင်​ဖြစ်​လာ​စေ​ရ​မည်'' ဟု​မိ​မိ​တို့​၏ ခေါင်း​ဆောင်​များ​နှင့်​အ​ချင်း​ချင်း​ဆွေး​နွေး တိုင်​ပင်​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​သည့် အ​ခါ​တိုင်း ထို​သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​သူ့​ကို​ကူ​မ​တော်​မူ​၍ သူ​တို့​ကို​ရန် သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​သည်။ သူ​တို့ သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ညှင်း​ပန်း​နှိပ်​စက်​ခြင်း ကို​ခံ​ရ​၍​ညည်း​ညူ​ကြ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပေ​သည်။-

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဒေါင်​အား``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​လက်​မှ​ကယ်​ဆယ်​ခဲ့ ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​နှင့်​သား​မြေး​စဉ် ဆက်​အပေါင်း​သည် အ​ကျွန်ုပ်​တို့​ကို​အုပ်​စိုး တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

ငါ​သည်​သင်​တို့​၏​ဘု​ရား၊ ဆင်း​ရဲ​ဒုက္ခ​များ နှင့်​အ​ခက်​အ​ခဲ​များ​မှ​သင်​တို့​ကို​ကယ် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သို့​ရာ တွင်​သင်​တို့​သည်​ငါ့​ကို​ပစ်​ပယ်​ကာ​ငါ​၏ ထံ​မှ​ဘု​ရင်​ကို​တောင်း​ခံ​ခဲ့​ကြ​၏။ ကောင်း ပြီ။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​အ​နွယ်​အ​လိုက်၊ သား​ချင်း​စု​အ​လိုက် စု​ရုံး​ကြ​လော့' ဟု​မိန့်​တော်​မူ​သည်။''

သို့​ရာ​တွင်​သင်​တို့​အား​အမ္မုန်​ဘု​ရင်​နာ​ဟတ် က​တိုက်​ခိုက်​မည်​ပြု​သော​အ​ခါ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရင်​အ​ဖြစ်​မှ​ပစ် ပယ်​ကာ​သင်​တို့​ကို​အုပ်​စိုး​မည့်​ဘု​ရင်​ကို ခန့်​ပေး​ရန်​ငါ့​ထံ​တွင်​တောင်း​ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ