Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 8:21

Common Language Bible

ထို​အ​ခါ​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​က``ငါ တို့​အား​သင်​ကိုယ်​တိုင်​သတ်​ပါ​လော့။ လူ​ကြီး ပြု​ရ​မည့်​အ​မှု​ကို​လူ​ကြီး​သာ​လျှင်​ပြု​နိုင် ၏'' ဟု​ဆို​ကြ​၏။ ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့ နှစ်​ယောက်​အား​သတ်​ပြီး​လျှင် သူ​တို့​ကု​လား အုတ်​များ​၏​လည်​ပင်း​၌​ဆင်​ယင်​ထား​သော တန်​ဆာ​တို့​ကို​ချွတ်​ယူ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အို ဘု​ရား​သ​ခင်၊ ဆိတ်​ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်။ ငြိမ်​သက်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။ ဆိတ်​ငြိမ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။

သြ​ရ​ဘ​မင်း​နှင့်​ဇေ​ဘ​မင်း​တို့​ကို ကိုယ်​တော်​ရှင် ပြု​သ​ကဲ့​သို့ သူ​တို့​၏​ခေါင်း​ဆောင်​များ​အား​ပြု​တော်​မူ​ပါ။ ဇေ​ဘ​မင်း​နှင့်​ဇာ​လ​မုန္န​မင်း​တို့​အား​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​သ​ကဲ့​သို့ သူ​တို့​၏​မင်း​ရှိ​သ​မျှ​အား​လည်း​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​ပါ။

ဇေ​ဘ​မင်း​နှင့်​ဇာ​လ​မုန္န​မင်း​တို့​က``ငါ​တို့​သည် ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ပြည်​ကို သိမ်း​ယူ​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​ပါ​၏။

ယေ​ရု​ရှ​လင်​မြို့​သူ​တို့​ဂုဏ်​ယူ​ဝါ​ကြွား​သ​မျှ သော​အ​ရာ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​သူ တို့​ထံ​မှ​သိမ်း​ယူ​တော်​မူ​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ သူ​တို့​၏​ခြေ​ချင်း​များ၊ ဦး​ခေါင်း တန်​ဆာ​များ၊ လည်​ဆွဲ​များ၊-

ထို​နောက်​ယော​ရှု​သည်​မင်း​ငါး​ပါး​တို့​ကို​ဋ္ဌား ဖြင့် ကွပ်​မျက်​၍​အ​လောင်း​များ​ကို​သစ်​ပင် ငါး​ပင်​ပေါ်​တွင် ည​နေ​ခင်း​တိုင်​အောင်​ချိတ် ဆွဲ​ထား​လေ​သည်။-

ထို​ငါး​လ​အ​တွင်း​လူ​တို့​သည်​သေ​မင်း​ကို​ရှာ ကြ​လိမ့်​မည်။ ရှာ​သော်​လည်း​မ​တွေ့​ရ​ကြ။ သေ​ရန် တောင့်​တ​ကြ​သော်​လည်း​သေ​မင်း​သည်​သူ​တို့ အား​တိမ်း​ရှောင်​၍​သွား​လိမ့်​မည်။

သူ​တို့​သည်​ရှံဆုန်​အား``ငါ​တို့​လာ​ရောက်​ကြ ခြင်း​မှာ​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက် သို့​အပ်​နှံ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။ ရှံ​ဆုန်​က​လည်း``သင်​တို့​ကိုယ်​တိုင်​ငါ့​အား မသတ်​ပါ​ဟု​က​တိ​ပြု​ပါ​လော့'' ဟု​ဆို​၏။

ထို​နောက်​သူ​သည်​မိ​မိ​၏​သား​ဦး​ယေ​သာ အား ထို​သူ​တို့​ကို​ထ​၍​သတ်​ရန်​စေ​ခိုင်း​လေ သည်။ သို့​ရာ​တွင်​သူ​ငယ်​သည်​မိ​မိ​ဋ္ဌား​ကို​ဆွဲ ၍​မ​ထုတ်​ဘဲ​နေ​၏။ သူ​သည်​အ​သက်​အ​ရွယ် ငယ်​သော​ကြောင့်​ယင်း​သို့​တုံ့​နှေး​လျက်​နေ ခြင်း​ဖြစ်​သည်။

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဒေါင်​အား``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​လက်​မှ​ကယ်​ဆယ်​ခဲ့ ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​နှင့်​သား​မြေး​စဉ် ဆက်​အပေါင်း​သည် အ​ကျွန်ုပ်​တို့​ကို​အုပ်​စိုး တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

မိဒျန်​ဘု​ရင်​တို့​ဝတ်​ဆင်​ထား​သည့်​တန်​ဆာ များ၊ လည်​ဆွဲ​များ၊ နီ​မောင်း​သော​အ​ဝတ်​နှင့် ကု​လား​အုတ်​လည်​ပတ်​ကြိုး​များ​အ​ပြင်၊ ဂိ ဒေါင်​ရ​ရှိ​သည့်​ရွှေ​နား​ကွင်း​များ​၏​အ​လေး ချိန်​မှာ​ပေါင်​လေး​ဆယ်​ကျော်​ရှိ​သ​တည်း။

ထို​အ​ခါ​သူ​သည်​မိ​မိ​၏​လက်​နက်​ကို​ကိုင် ဆောင်​သော​လူ​ငယ်​အား အ​လျင်​အ​မြန်​ခေါ် ပြီး​လျှင်``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ထုတ်​၍ ငါ့​ကို​သတ်​လော့။ ငါ​သည်​အ​မျိုး​သ​မီး​၏ လက်​ချက်​ဖြင့်​သေ​ရ​သည်​ဟူ​၍​အ​ပြော​မ​ခံ လို'' ဟု​ဆို​၏။ သို့​ဖြစ်​၍​လူ​ငယ်​သည်​အ​ဘိ မ​လက်​အား​ဋ္ဌား​နှင့်​ထိုး​၍​သတ်​လိုက်​လေ သည်။-

ရှော​လု​၏​ပတ်​လည်​တွင်​တိုက်​ပွဲ​ပြင်း​ထန်​သည် ဖြစ်​၍ မင်း​ကြီး​ကိုယ်​တိုင်​ပင်​မြား​မှန်​သ​ဖြင့် ပြင်း​စွာ​ဒဏ်​ရာ​ရ​လေ​၏။-

ရှော​လု​သေ​သွား​သည်​ကို​မြင်​လျှင် လူ​ငယ်​သည် မိ​မိ​ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​ရှော​လု​နှင့်​အ​တူ သေ​လေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ