သူကြီး 8:10Common Language Bibleဇေဘဟနှင့်ဇာလမုန္နတို့သည် မိမိတို့၏တပ်မ တော်နှင့်အတူ ကာကော်မြို့၌ရှိကြ၏။ သဲကန္တာရ နေသူတို့၏တပ်မတော်ကြီးတစ်ခုလုံးအနက် လူတစ်သိန်းနှစ်သောင်းကျဆုံး၍တစ်သောင်း ငါးထောင်သာကျန်တော့၏။- အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
သူတို့သည်ထိုနေ့၌မိမိတို့မြို့များမှစစ် သားနှစ်သောင်းခြောက်ထောင်ကိုခေါ်ထုတ်ခဲ့ ကြ၏။ ထိုမှတစ်ပါးဂိဗာမြို့သားတို့သည် လက်ရွေးစင်ဘယ်သန်လူခုနစ်ရာကိုလည်း စုရုံးပေးကြ၏။ ထိုလက်ရွေးစင်တို့သည် ဆံချည်တစ်ပင်ကိုလောက်လွှဲနှင့်မလွဲ အောင်ပစ်နိုင်သူများဖြစ်ကြ၏။-
ဂိဒေါင်ရောက်ရှိလာချိန်၌လူတစ်ယောက် သည် မိမိမြင်မက်သည့်အိပ်မက်အကြောင်း ကိုမိတ်ဆွေတစ်ဦးအားပြောပြလျက်နေ၏။ ထိုသူက``မုယောမုန့်ပြားတစ်ချပ်သည်ငါ တို့တပ်စခန်းထဲသို့လိမ့်ဝင်လာပြီးလျှင် တဲရှင်တစ်ခုနှင့်တိုက်မိသဖြင့်ထိုတဲရှင် သည်ပြိုလဲပြားချပ်၍သွားသည်ကိုငါ အိပ်မက်မြင်မက်ပါသည်'' ဟုဆိုလေသည်။
ဂိဒေါင်၏တပ်သားတို့တံပိုးခရာများကို မှုတ်ကြစဉ်အခါ၌ ထာဝရဘုရားသည် ရန်သူတို့အားအချင်းချင်းဋ္ဌားလက်နက် ဖြင့်တိုက်ခိုက်စေတော်မူ၏။ သူတို့သည်ဇေရ ရတ်အရပ်သို့ဦးတည်လျက်ဗက်ရှိတ္တမြို့သို့ တိုင်အောင်လည်းကောင်း၊ တဗ္ဗတ်မြို့အနီးအာ ဗေလမဟောလမြို့သို့တိုင်အောင်လည်း ကောင်းထွက်ပြေးကြလေသည်။