ထိုနောက်သူတို့အား``ရန်သူတပ်စခန်းအစွန် သို့ငါရောက်ရှိလာသောအခါ သင်တို့သည် ငါ့ကိုကြည့်၍ငါပြုသည့်အတိုင်းပြုကြ လော့။-
ထိုနောက်သခင်ယေရှုက ``ငါ့တပည့်ဖြစ်လိုသူ သည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ် တိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ရမည်။-
သို့ဖြစ်၍ငါသည်ခရစ်တော်ထံမှအတု ယူသကဲ့သို့ သင်တို့သည်ငါ့ထံမှအတု ယူကြလော့။
သင်တို့အားဘုရားသခင်၏တရားတော်ကို ဟောပြောခဲ့သောသင်တို့၏ခေါင်းဆောင်များ ကိုသတိရကြလော့။ သူတို့အဘယ်သို့ပြု မူနေထိုင်ခဲ့သည်၊ အဘယ်သို့သေလွန်သွား ကြသည်ကိုဆင်ခြင်စဉ်းစားကြပြီးနောက် သူတို့ယုံကြည်ခြင်းကိုအတုယူကြလော့။-
သင်တို့လက်ဝယ်အပ်ထားသည့်သူတို့အပေါ် တွင်အစိုးတရမပြုကြနှင့်။ သိုးစု၏ရှေ့၌ စံနမူနာကောင်းကိုပြကြလော့။-
သူသည်မိမိတပ်သားသုံးရာကိုသုံးစုခွဲ ပြီးနောက် လူတိုင်းအားမီးရှူးတိုင်ပါသော အိုးတစ်လုံးနှင့်တံပိုးခရာတစ်ခုကိုပေး ၏။-
ငါနှင့်ငါ၏လူစုတံပိုးခရာမှုတ်သော အခါသင်တို့သည်လည်း စခန်းပတ်လည်၌ တံပိုးခရာများကိုမှုတ်ပြီးလျှင်`ထာဝရ ဘုရားနှင့်ဂိဒေါင်အတွက်' ဟူ၍ကြွေး ကြော်ကြလော့'' ဟုမှာထားလေသည်။
မိမိ၏လူတို့နှင့်အတူဇာလမုန်တောင်သို့ တက်ပြီးနောက် ပုဆိန်ဖြင့်သစ်ကိုင်းတစ်ခုကို ခုတ်၍ထမ်း၏။ မိမိ၏လူတို့အားလည်းထို နည်းတူအလျင်အမြန်ပြုရန်ပြောလေသည်။-