Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 7:14

Common Language Bible

ထို​မိတ်​ဆွေ​က​လည်း``ထို​မုန့်​ပြား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​ယော​ရှ​၏​သား​ဖြစ်​သူ ဂိ​ဒေါင်​၏​ဋ္ဌား​ပင်​ဖြစ်​သည်။ မုန့်​ပြား​သည် အ​ခြား​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​ဆောင်​နိုင် ရာ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​မိ​ဒျန် အ​မျိုး​နှင့် ငါ​တို့​တပ်​တစ်​ခု​လုံး​အ​ပေါ်​၌ အောင်​ပွဲ​ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။

ဗာ​လမ်​က``ငါ​ယ​ခု​ရောက်​လာ​ပြီ။ သို့​ရာ​တွင် ငါ​သည် ကိုယ်​တိုင်​ပြော​ပိုင်​ခွင့်​မ​ရှိ။ ဘု​ရား​သ​ခင်​က​ငါ့​အား​ပြော​စေ​လို​သ​မျှ​ကို သာ​ငါ​ပြော​နိုင်​မည်'' ဟု​ဆို​လေ​၏။-

ကောင်း​ချီး​ပေး​ရန်​ငါ့​အား​စေ​ခိုင်း​တော်​မူ​ပြီ။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကောင်း​ချီး​ကို ငါ​သည်​မ​ရုတ်​သိမ်း​နိုင်။

ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​လက်​အား ဆင့်​ဆို ရ​မည့်​စ​ကား​ကို​မိန့်​ကြား​ပြီး​လျှင်​ဗာ​လမ် ကို​ဗာ​လက်​ထံ​သို့​ပြန်​စေ​တော်​မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ထို​ပြည်​တစ်​ပြည်​လုံး​ကို​မု​ချ​ပေး​တော်​မူ ပြီ။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ကြောက်​လန့်​လျက်​ရှိ​ကြ ပါ​သည်'' ဟု​ဆို​ကြ​၏။

``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပြည်​ကို​ပေး​တော်​မူ​ကြောင်း​ကျွန်​မ​သိ​ပါ​သည်။ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည်​သင်​တို့​ကို ကြောက်​လန့်​လျက်​ရှိ​ကြ​ပါ​သည်။-

ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​ဘု​ရင်​များ​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ တစ်​လျှောက်​စိုး​စံ​သော​ခါ​နာန်​ဘု​ရင်​အ​ပေါင်း တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​သည်​အ​ထိ မြစ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း ကြား​သိ​ရ​ကြ​၏။ ထို​ကြောင့်​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့ ၍​စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။

သူ​က``ငါ့​နောက်​သို့​လိုက်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​အား​ရန်​သူ​ဖြစ်​သော မော​ဘ​အ​မျိုး​သား​တို့​အ​ပေါ်​၌​အောင်​ပွဲ ခံ​စေ​တော်​မူ​ပြီ'' ဟု​သူ​တို့​အား​ပြော​လေ သည်။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​ပေါ်​မှ​ဆင်း​၍ ဧ​ဟု​ဒ​၏ နောက်​သို့​လိုက်​ပြီး​လျှင်​မော​ဘ​အ​မျိုး​သား တို့​ကူး​ရာ​ယော်​ဒန်​မြစ်​ကူး​ဆိပ်​ကို​သိမ်း ယူ​ကြ​လေ​သည်။ ရန်​သူ​တို့​တစ်​ယောက်​မျှ မြစ်​ကို​ကူး​ခွင့်​မ​ရ​ကြ။-

ဂိ​ဒေါင်​ရောက်​ရှိ​လာ​ချိန်​၌​လူ​တစ်​ယောက် သည် မိ​မိ​မြင်​မက်​သည့်​အိပ်​မက်​အ​ကြောင်း ကို​မိတ်​ဆွေ​တစ်​ဦး​အား​ပြော​ပြ​လျက်​နေ​၏။ ထို​သူ​က``မု​ယော​မုန့်​ပြား​တစ်​ချပ်​သည်​ငါ တို့​တပ်​စ​ခန်း​ထဲ​သို့​လိမ့်​ဝင်​လာ​ပြီး​လျှင် တဲ​ရှင်​တစ်​ခု​နှင့်​တိုက်​မိ​သ​ဖြင့်​ထို​တဲ​ရှင် သည်​ပြို​လဲ​ပြား​ချပ်​၍​သွား​သည်​ကို​ငါ အိပ်​မက်​မြင်​မက်​ပါ​သည်'' ဟု​ဆို​လေ​သည်။

ထို​သူ​၏​အိပ်​မက်​နှင့်​ယင်း​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ကြား​သိ​ရ​သော​အ​ခါ​ဂိ​ဒေါင်​သည်​ဒူး ထောက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​၏။ ထို​နောက်​ဣ​သ​ရေ​လ​တပ်​စ​ခန်း​သို့​ပြန် ပြီး​လျှင်``ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​အား​မိ​ဒျန်​တပ်​အ​ပေါ်​၌​အောင်​ပွဲ​ခံ စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။-

ယော​န​သန်​နှင့်​သူ​ငယ်​အား``ဤ​အ​ရပ်​သို့ လာ​ခဲ့​လော့။ သင်​တို့​အား​ငါ​တို့​ပြော​စ​ရာ ရှိ​သည်'' ဟု​ဟစ်​အော်​၍​ဖိတ်​ခေါ်​ကြ​၏။ ယော​န​သန်​သည်​သူ​ငယ်​အား``ငါ့​နောက်​ကို လိုက်​ခဲ့​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား အောင်​ပွဲ​ကို ပေး​တော်​မူ​ပြီ'' ဟု​ဆို​ပြီး​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ