သူကြီး 6:5Common Language Bibleသူတို့သည်မိမိတို့၏တဲရှင်များ၊ သိုးနွားများ နှင့်ပြန်လာတတ်ကြ၏။ သူတို့၏အရေအတွက် မှာကျိုင်းကောင်အုပ်ကဲ့သို့များသတည်း။ သူတို့ နှင့်သူတို့၏ကုလားအုတ်များမှာလည်းမရေ မတွက်နိုင်အောင်များပြားသည်။ သူတို့သည် ဝင်ရောက်လာ၍ရှိသမျှကိုဖျက်ဆီးပစ် ကြ၏။- အခန်းကိုကြည့်ပါ။ |
သူတို့၏တဲရှင်များနှင့်သိုးအုပ်များကို လည်းကောင်း၊ တဲကန့်လန့်ကာများနှင့်တဲတွင်း ရှိပစ္စည်းမှန်သမျှကိုလည်းကောင်းသိမ်းယူ ကြလော့။ သူတို့၏ကုလားအုတ်များကိုသိမ်း ယူပြီးလျှင်လူတို့အား`သင်တို့၏ပတ်လည် သို့ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ရောက်ရှိလာလေပြီ' ဟုပြောကြားကြလော့။
ထိုအခါဇေဘဟနှင့်ဇာလမုန္နတို့က``ငါ တို့အားသင်ကိုယ်တိုင်သတ်ပါလော့။ လူကြီး ပြုရမည့်အမှုကိုလူကြီးသာလျှင်ပြုနိုင် ၏'' ဟုဆိုကြ၏။ ထို့ကြောင့်ဂိဒေါင်သည်သူတို့ နှစ်ယောက်အားသတ်ပြီးလျှင် သူတို့ကုလား အုတ်များ၏လည်ပင်း၌ဆင်ယင်ထားသော တန်ဆာတို့ကိုချွတ်ယူလေသည်။