Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 6:32

Common Language Bible

ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ဂိ​ဒေါင်​သည်​ယေ​ရု ဗ္ဗာ​လ​ဟူ​၍​နာ​မည်​တွင်​လေ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ယော​ရှ​က``ဗာ​လ​သည်​မိ​မိ​ကိုယ်​ကို မိ​မိ​ကွယ်​ကာ​ပါ​လေ​စေ။ ဖြို​ချ​ခြင်း​ခံ​ရ သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​သည်'' ဟု​ဆို သော​ကြောင့်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​အ​ဘယ်​သို့ သေ​ရ​သည်​ကို​သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။ သေ​ဗက်​မြို့​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​သည် မြို့​ရိုး​ပေါ်​မှ​ကျိတ်​ဆုံ​ကျောက်​ကို​ပစ်​ချ​လိုက် သ​ဖြင့်​သူ​သေ​ခဲ့​ရ​၏။ သို့​ဖြစ်​၍​သင်​တို့​သည် အ​ဘယ်​ကြောင့်​မြို့​ရိုး​အ​နီး​သို့​ချဉ်း​ကပ်​ကြ သ​နည်း' ဟု​မေး​တော်​မူ​လိမ့်​မည်။ ထို​သို့​မင်း ကြီး​မေး​ခဲ့​သော်`အ​ရှင့်​တပ်​မှူး​ဥ​ရိ​ယ​သည် လည်း​ကျ​ဆုံး​သွား​ပါ​၏' ဟု​ပြန်​လည်​လျှောက် ထား​လော့'' ဟု​မှာ​ကြား​လိုက်​လေ​သည်။

ယု​ဒ​ပြည်​တွင်​မြို့​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ ပြည်​သား​တို့​တွင်​လည်း​ဘု​ရား အ​ရေ​အ​တွက်​များ​ပေ​သည်။ ယေ​ရု​ရှ​လင် မြို့​တွင်​လည်း​လမ်း​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ​မြို့​သူ​မြို့​သား​တို့​သည် ရှက်​ဖွယ် သော​ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​တို့​ကို​ပူ​ဇော် ရန်​ယဇ်​ပလ္လင်​များ​ကို​တည်​ထား​ကြ​လေ​သည်။-

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ကို​ငါ​ဦး စွာ​တွေ့​ရ​စဉ်​က တော​ကန္တာ​ရ​၌​ပေါက်​သော စ​ပျစ်​ပင်​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သင်​တို့​၏​ဘိုး​ဘေး​များ​ကို​ငါ​ဦး​စွာ​တွေ့ ရ​စဉ်​က​ပေါ်​ဦး​ပေါ်​ဖျား​မှည့်​သော​သ​ဖန်း သီး​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ပေ​ဂု​ရ​တောင်​သို့​ရောက် ရှိ​သော​အ​ခါ ဗာ​လ​ဘု​ရား​ကို​ကိုး​ကွယ် ကြ​သ​ဖြင့်၊ သူ​တို့​ကြည်​ညို​သော​ဘု​ရား များ​ကဲ့​သို့​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လာ ကြ​၏။-

ယော​ရှ​သည်​မိ​မိ​ထံ​သို့​လာ​ရောက်​တောင်း​ဆို သူ​အ​ပေါင်း​တို့​အား``သင်​တို့​သည်​ဗာ​လ​ကိုယ် စား​ရှေ့​နေ​လိုက်​နေ​ကြ​ပါ​သ​လော။ သူ​၏ အ​တွက်​အ​ကွယ်​အ​ကာ​ပေး​နေ​ကြ​ပါ​သ လော။ သူ့​အ​တွက်​ရှေ့​နေ​လိုက်​သူ​မှန်​သ​မျှ သည်​နံ​နက်​ချိန်​မ​လွန်​မီ​အ​သတ်​ခံ​ရ​မည်။ အ​ကယ်​၍​ဗာ​လ​သည်​ဘု​ရား​ဖြစ်​ပါ​မူ မိ​မိ ကိုယ်​ကို​မိ​မိ​ကာ​ကွယ်​ပါ​လေ​စေ။ ဖြို​ချ​ခြင်း ခံ​ရ​သည်​မှာ​သူ​၏​ယဇ်​ပလ္လင်​ဖြစ်​ပါ​၏'' ဟု​ပြော​လေ​သည်။-

တစ်​နေ့​သ​၌​ဂိဒေါင်​နှင့်​တ​ကွ​သူ​နှင့်​ပါ​လာ သော​လူ​အ​ပေါင်း​တို့​သည်​နံ​နက်​စော​စော​ထ ၍ ဟာ​ရုတ်​စမ်း​အ​နီး​၌​တပ်​ချ​ကြ​၏။ မိ​ဒျန် အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​သည်​သူ​တို့ ၏​မြောက်​ဘက်​မော​ရ​တောင်​ကုန်း​အ​နီး​ရှိ ချိုင့်​ထဲ​၌​ရှိ​သ​တည်း။

သူ​တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​အ​တွက် ဂိ​ဒေါင် ပြု​ခဲ့​သ​မျှ​သော​ကောင်း​ကျိုး​များ​အ​တွက် သူ​၏​အိမ်​ထောင်​စု​သား​များ​အ​ပေါ်​တွင် ကျေး​ဇူး​ကန်း​ကြ​ကုန်​သည်။

ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်၊ ထို နောက်​ဗာ​ရက်၊ ထို​နောက်​ယေ​ဖ​သ၊ နောက်​ဆုံး ၌​ငါ့​အား​စေ​လွှတ်​တော်​မူ​၏။ ငါ​တို့​အ​သီး သီး​သည်​သင်​တို့​အား​ရန်​သူ​များ​လက်​မှ ကယ်​ခဲ့​ကြ​သ​ဖြင့် သင်​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ