သူကြီး 6:23Common Language Bibleသို့ရာတွင်ထာဝရဘုရားက``စိတ်အေးချမ်း သာစွာနေလော့။ မစိုးရိမ်နှင့်။ သင်သည်သေရ လိမ့်မည်မဟုတ်'' ဟုသူ့အားမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
အိမ်တော်ဝန်က``သင်တို့မစိုးရိမ်ကြနှင့်။ မ ကြောက်ကြနှင့်။ သင်တို့ဘုရား၊ သင်တို့အဖ ၏ဘုရားသည်စပါးအိတ်များထဲ၌သင်တို့ အတွက် ထိုငွေကိုထည့်ခြင်းဖြစ်ရမည်။ သင် တို့ထံမှစပါးဖိုးငွေကိုကျွန်ုပ်လက်ခံရရှိ ပြီးဖြစ်သည်'' ဟုဆိုလေ၏။ ထိုနောက်သူသည် ရှိမောင်ကိုသူတို့ထံသို့ခေါ်ထုတ်ခဲ့လေသည်။
ထိုသူက``ဘုရားသခင်သည်သင့်ကိုချစ် မြတ်နိုးတော်မူ၏။ ထို့ကြောင့်မစိုးရိမ်နှင့်၊ မကြောက်လန့်နှင့်'' ဟုဆို၏။ ဤစကားကို ကြားသောအခါငါသည်ပို၍အားရှိလာ ပြီးလျှင်``အရှင်၊ အရှင်မိန့်ကြားရန်ရှိသည် ကိုမိန့်တော်မူပါ။ အရှင်သည်အကျွန်ုပ် အားသက်သာစေတော်မူပါပြီ'' ဟု လျှောက်ထား၏။
ထိုနောက်ရက်သတ္တတစ်ပတ်ကြာသော်တပည့် တော်တို့သည် အိမ်အတွင်းမှာစုဝေးလျက်ရှိ ကြ၏။ သောမလည်းသူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက်ရှိ၏။ သို့ရာတွင် သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ ၏အလယ်တွင်ရပ်တော်မူပြီးလျှင် ``သင်တို့ ၌ငြိမ်သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော် မူ၏။-