Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 6:2

Common Language Bible

မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​အင်​အား​ကြီး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဥ​မင်​များ​၌​လည်း​ကောင်း၊ အ​ခြား​ဘေး​လွတ်​ရာ​တောင်​ပေါ်​ဒေ​သ​များ ၌​လည်း​ကောင်း​ပုန်း​အောင်း​နေ​ရ​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကြောက်မက်ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။

မိ​မိ​သတ်​ဖြတ်​လိုက်​သူ​တို့​၏​အ​လောင်း​များ ကို​ဣ​ရှ​မေ​လ​ပစ်​ချ​သည့်​ရေ​တွင်း​ကား အ​လွန်​ကြီး​၍ ဣသ​ရေ​လ​ဘု​ရင်​ဗာရှာ​၏​ဘေး မှ​ခု​ခံ​ကာ​ကွယ်​ရန် အာ​သ​မင်း​တူး​ထား​သည့် ရေ​တွင်း​ဖြစ်​သ​တည်း။ ဣ​ရှ​မေ​လ​သည်​မိ​မိ သတ်​ဖြတ်​လိုက်​သည့်​လူ​သေ​အ​လောင်း​များ ဖြင့်​ထို​တွင်း​ကို​ပြည့်​စေ​၏။-

``မော​ဘ​ပြည်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​မြို့​များ​မှ​ထွက်​ခွာ​ပြီး​လျှင် ကျောက်​ကမ်း ပါး​သို့​သွား​ရောက်​နေ​ထိုင်​ကြ​လော့။ လျှို မြောင်​အ​ကြား​တွင်​အ​သိုက်​လုပ်​တတ်​သည့် ချိုး​ငှက်​ကဲ့​သို့​ပြု​ကြ​လော့။-

ငါ​သည်​သင်​တို့​တစ်​ဘက်​၌​ရှိ​သ​ဖြင့် သင်​တို့ သည်​စစ်​ရှုံး​၍​ရန်​သူ​၏​အုပ်​စိုး​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ သင်​တို့​သည်​အ​လွန်​ထိတ်​လန့်​သ​ဖြင့် လိုက်​သူ​မ​ရှိ​ဘဲ​နှင့်​ပြေး​ရ​ကြ​လိမ့်​မည်။

ကမ္ဘာ​လော​က​သည်​ထို​သူ​တို့​နှင့်​မ​ထိုက်​မ​တန် ပါ​တ​ကား။ သူ​တို့​သည်​လိုဏ်​ဂူ​များ​နှင့်​မြေ တွင်း​များ​တွင်​နေ​ထိုင်​ကြ​လျက်​တော​ကန္တာ​ရ များ​နှင့်​တောင်​ပေါ်​ဒေ​သ​များ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​၏။

ထို​အ​ခါ​လော​ကီ​ဘု​ရင်၊ အာ​ဏာ​ပိုင်၊ စစ်​သူ​ကြီး၊ သူ​ဌေး​သူ​ကြွယ်၊ တန်​ခိုး​အာ​ဏာ​ရှိ​သူ​မှ​စ​၍ ကျွန်​နှင့်​ကျွန်​မ​ဟုတ်​သူ​အ​ပေါင်း​တို့​သည်​လိုဏ် ဂူ​များ​၌​လည်း​ကောင်း၊ တောင်​ပေါ်​ကျောက်​ဆောင် များ​၌​လည်း​ကောင်း​ပုန်း​အောင်း​၍​နေ​ကြ ကုန်​၏။-

ထို​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ မော​ရိ​နယ်​မြေ​ဂိ​လဒ်​ပြည်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား တစ်​ဆယ့် နှစ်​နှစ်​တိုင်​တိုင်​ညှင်း​ပန်း​နှိပ်​စက်​ကြ​၏။-

အမ္မုန်​အ​မျိုး​သား​တို့​သည်​ယော်​ဒန်​မြစ်​ကို ပင်​လျှင် ဖြတ်​ကျော်​ကာ​ယု​ဒ​အ​နွယ်၊ ဗင်္ယာ​မိန် အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​တို့​ကို​တိုက်​ခိုက် ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှာ အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။

ကောက်​ပဲ​သီး​နှံ​များ​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​စိုက်​ပျိုး​သည့်​အ​ခါ​တိုင်း မိ​ဒျန်​အ​မျိုး​သား တို့​သည်​အာ​မ​လက်​အ​မျိုး​သား​နှင့် သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​သော​လူ​မျိုး​များ​နှင့်​အ​တူ​လာ​၍ တိုက်​ခိုက်​တတ်​ကြ​၏။-

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြင်း​ထန်​စွာ​တိုက်​ခိုက်​၍​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တို့​သည်​ဥ​မင်၊ ကျောက်​ကြား၊ ရေ​တွင်း၊ မြေ တွင်း​စ​သည်​တို့​၌​ပုန်း​အောင်း​နေ​ကြ​၏။-

ထို့​ကြောင့်​သူ​တို့​နှစ်​ဦး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား​ကိုယ်​ရိပ်​ပြ​ကြ​၏။ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က``ကြည့်​လော့။ ဟေ​ဗြဲ​အ​မျိုး သား​အ​ချို့​တို့​သည် မိ​မိ​တို့​ပုန်း​ကွယ်​ရာ​မြေ တွင်း​များ​မှ​ထွက်​လာ​လေ​ပြီ'' ဟု​ဆို​ပြီး လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ