Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 5:9

Common Language Bible

ငါ​၏​စိတ်​နှ​လုံး​သည်​ဣ​သ​ရေ​လ​စစ်​သူ​ကြီး များ ထံ​သို့​လည်း​ကောင်း၊ စေ​တ​နာ​စိတ်​နှင့်​စစ်​ပွဲ​ဝင်​ကြ​သည့်​ပြည်​သူ များ ထံ​သို့​လည်း​ကောင်း​နူး​ညွတ်​လျက်​ရှိ​ပါ​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​စေ​တ​နာ​စိတ်​နှင့်​ထာ​ဝ​ရ ဘု​ရား​အား​ပေး​လှူ​ကြ​သည်​ဖြစ်​ရာ မိ​မိ တို့​ဤ​မျှ​မြောက်​မြား​စွာ​ပေး​လှူ​ခဲ့​ရ​ကြ သည့်​အ​တွက်​အား​ရ​ဝမ်း​မြောက်​ကြ​ကုန်​၏။ ဒါ​ဝိဒ်​မင်း​သည်​လည်း​လွန်​စွာ​အား​ရ​ဝမ်း မြောက်​တော်​မူ​၏။

တ​တိ​ယ​တပ်​မှူး​ကား​ဇိ​ခ​ရိ​၏​သား​အာ​မ​သိ ဖြစ်​၍​စစ်​သည်​နှစ်​သိန်း​ကို​အုပ်​ချုပ်​ရ​လေ​သည်။ (အာ​မ​သိ​သည်​မိ​မိ​စေ​တ​နာ​အ​လျောက် ထာ​ဝရ​ဘု​ရား​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် သူ​ဖြစ်​သည်။-)

မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည်​စု​ပုံ​လျက်​နေ သော​ပစ္စည်း​များ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ချီး​ကူး​ကြ​ကုန်​၏။-

ယေ​ရု​ရှ​လင်​မြို့​တွင်​မိ​မိ​တို့​အ​လို​အ​လျောက် နေ​ထိုင်​သူ​တို့​အား​ပြည်​သူ​တို့​က​ချီး​ကူး ကြ​၏။-

အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို​မ​မေ့​မ​လျော့​နှင့်။

ရန်​သူ​တို့​အား​အ​ရှင်​မင်း​ကြီး​တိုက်​ခိုက် တော်​မူ​သော​နေ့​၌ အ​ရှင်​၏​ပြည်​သား​တို့​သည်​အ​လို​အ​လျောက် ကိုယ်​တော်​နှင့်​လိုက်​ပါ​ချီ​တက်​ကြ​ပါ​လိမ့်​မည်။ နံ​နက်​ချိန်​၌​ကျ​သည့်​ဆီး​နှင်း​ကဲ့​သို့​သန်​စွမ်း သော လူ​ငယ်​လူ​ရွယ်​အ​မြောက်​အ​မြား​သည် အ​ရှင်​မင်း​ကြီး​ရှိ​ရာ​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​ပေါ်​သို့​ရောက်​ရှိ​ကြ​ပါ​လိမ့်​မည်။

သင်​တို့​ပေး​လှူ​လို​သော​စေ​တ​နာ​စိတ်​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​သင်​တို့​မ​တတ်​နိုင်​မှု​ကို မ​ထောက်​ဘဲ​တတ်​နိုင်​မှု​ကို​ထောက်​၍​သင်​တို့ ၏​အ​မှု​ကို​လက်​ခံ​တော်​မူ​လိမ့်​မည်။

တိ​တု​သည်​ငါ​တို့​၏​မေတ္တာ​ရပ်​ခံ​ချက်​ကို လက်​ခံ​သည်​သာ​မ​က၊ ကူ​ညီ​ရန်​စေ​တ​နာ စိတ်​ရှိ​သ​ဖြင့်​သင်​တို့​ထံ​သို့​သွား​ရန် မိ​မိ အ​လို​အ​လျောက်​စိတ်​ပိုင်း​ဖြတ်​ခဲ့​ပေ​သည်။-

သို့​ဖြစ်​၍​သင်​တို့​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း​ဤ အ​လှူ​ကို​ပြင်​ဆင်​နိုင်​ရေး​အ​တွက် ဤ​ညီ​အစ်​ကို တို့​အား​သင်​တို့​ထံ​သို့​ကြို​တင်​စေ​လွှတ်​ရန် လို​အပ်​သည်​ဟု​ငါ​ထင်​မှတ်​၏။ ငါ​ရောက်​ရှိ လာ​သော​အ​ခါ​အ​လှူ​အ​သင့်​ပြင်​ဆင်​ထား ပြီး​ဖြစ်​၍ သင်​တို့​က​ဝတ္တရား​အ​ရ​ပေး​လှူ သည်​မ​ဟုတ်​ဘဲ​စေ​တ​နာ​အ​ရ​ပေး​လှူ ကြောင်း​ပေါ်​လွင်​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တိုက်​ပွဲ​ဝင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ကြ​၏။ ပြည်​သူ​တို့​က​လည်း​စေ​တ​နာ​အ​လျောက် ဝမ်း​မြောက်​စွာ​ပါ​ဝင်​ဆင်​နွှဲ​ကြ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ