Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 5:4

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား​စိ​ရ​တောင်​ရိုး​ပေါ်​မှာ ကိုယ်​တော်​ကြွ​လျက် ဧ​ဒုံ​ပြည်​မှ​စစ်​ချီ​တော်​မူ​သော​အ​ခါ၊ မြေ​င​လျင်​လှုပ်​၍​ကောင်း​ကင်​မှ​မိုး​ရွာ​သွန်း ပါ​၏။ မိုး​တိမ်​များ​မှ​မိုး​ရေ​တို့​သည်​ကျ​ဆင်း​လာ ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​စေ​တ​မန်​တို့​အား``ကိုယ်​တော်​၏​အ​စေ​ခံ ယာ​ကုပ်​က`ကျွန်ုပ်​သည်​လာ​ဗန်​နှင့်​အ​တူ​နေ ထိုင်​ပြီး​ယ​ခု​မှ​ပြန်​ခဲ့​ရ​ပါ​သည်။-

ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကြောင့် မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။ မိုး​ကောင်း​ကင်​၏​အ​ခြေ​အ​မြစ်​တို့​သည် ရွေ့​လျား​တုန်​လှုပ်​ကြ​၏။

မြေကြီးကိုရွေ့စေခြင်းငှါ တွန်းတော်မူ၍၊ မြေတိုင်းတို့သည် တုန်လှုပ်ကြ၏။

ကိုယ်​တော်​ရှင်​သည်​မိုး​ကို​သည်း​ထန်​စွာ​ရွာ​စေ သ​ဖြင့် ပင်​ပန်း​နွမ်း​နယ်​လျက်​နေ​သည့်​ပြည်​တော်​ကို ပြန်​လည်​၍​လန်း​ဆန်း​စေ​တော်​မူ​ပါ​၏။

မိုး​တိမ်​တို့​သည်​မိုး​ကို​ရွာ​သွန်း​ပေး​ပါ​၏။ ကောင်း​ကင်​ပြင်​တွင်​မိုး​ကြိုး​ပစ်​လျက် အ​ရပ်​လေး​မျက်​နှာ​တွင်​လျှပ်​စစ်​များ​လက်​ပါ​၏။

ကိုယ်​တော်​ရှင်​၏​မိုး​ကြိုး​သံ​သည်​မြည်​ဟည်း ထွက်​ပေါ်​လာ​လျက် လျှပ်​ပန်း​လျှပ်​နွယ်​တို့​သည်​လည်း​ကမ္ဘာ တစ်​ဝန်း​လုံး​ကို​လင်း​စေ​ပါ​၏။ မြေ​ကြီး​သည်​ထိတ်​လန့်​တုန်​လှုပ်​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​ဘု​ရင် မ​ဟုတ်​ဘိ​သ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​တော် မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​မ​ဟုတ်​ဘိ သ​ကဲ့​သို့​လည်း​ကောင်း​ကျွန်​တော်​မျိုး​တို့​ကို ကိုယ်​တော်​ရှင်​ဆက်​ဆံ​တော်​မူ​ပါ​၏။

ထို​အ​ခါ​၌​တောင်​များ​သည်​မီး​နှင့်​တွေ့​သော ဖ​ယောင်း​ကဲ့​သို့​အ​ရည်​ပျော်​လိမ့်​မည်။ ထို​နောက်​တောင်​ကုန်း​မှ​တောင်​အောက်​သို့ ရေ​စီး​ဆင်း​သ​ကဲ့​သို့​ချိုင့်​ဝှမ်း​ထဲ​သို့​စီး​ဆင်း လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​မှ ကြွ​လာ​တော်​မူ​၏။ ကိုယ်​တော်​သည်​နေ​မင်း​သ​ဖွယ်​ဧ​ဒုံ​ပြည်​ပေါ်​သို့ ထွက်​ပေါ်​လာ​ပြီး​လျှင်၊ ပါ​ရန်​တောင်​ထိပ်​ပေါ်​မှ​မိ​မိ​လူ​မျိုး​တော်​ပေါ်​သို့ ထွန်း​တောက်​တော်​မူ​၏။ ကိုယ်​တော်​၏​လက်​ယာ​တော်​ဘက်​တွင် ထောင်​သောင်း​မ​က​များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့​သည်​လိုက်​ပါ​လျက် မီး​လျှံ​တောက်​နေ​၏။

ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​၏​အ​သံ​တော် သည်​ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​က``ငါ​သည်​နောက်​တစ်​ကြိမ်​ကမ္ဘာ မြေ​ကြီး​ကို​သာ​မ​က​ကောင်း​ကင်​ကို​လည်း တုန်​လှုပ်​စေ​ဦး​မည်'' ဟု​က​တိ​ထား​တော် မူ​လေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ