သိသရသည်လဲကျပြီးလျှင်ယေလ၏ ခြေရင်း၌ မလှုပ်မရှားဘဲနေ၏။ သူသည်မြေပေါ်သို့လဲကျကာယေလ၏ခြေရင်း၌ သေလျက်နေ၏။
``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကို အားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။ သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။
သူတစ်ပါးအားသင်တို့စစ်ကြောစီရင်သကဲ့သို့ ဘုရားသခင်သည်သင်တို့အားစစ်ကြောစီရင် တော်မူမည်။ သူတစ်ပါးတို့အားစီရင်ရာတွင် သင်တို့အသုံးပြုသည့်နည်းအတိုင်း သင်တို့ အားစီရင်တော်မူမည်။-
ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။
သူသည်တဲရှင်ငုတ်ချွန်တစ်ခုကိုလက်တစ်ဘက်နှင့် ယူ၍အလုပ်သမားတူတစ်လက်ကို အခြားလက်တစ်ဖြင့်ကိုင်ပြီးလျှင်သိသရ၏ ဦးခေါင်းကိုရိုက်သွင်းလိုက်ရာ ငုတ်ချွန်သည်သူ၏ဦးခေါင်းကိုထုတ်ချင်း ပေါက်၍သွားလေသည်။
သိသရ၏မိခင်သည်ပြူတင်းပေါက်မှမျှော် ၍ကြည့်၏။ သူသည်တရုတ်ကပ်၏နောက်မှငေး၍ကြည့်၏။ ``သူ၏ရထားသည်အဘယ်ကြောင့်ကြန့်ကြာ၍ နေပါသနည်း။ သူ၏မြင်းတို့သည်အဘယ်ကြောင့်အပြန်နှေးလျက် နေပါသနည်း'' ဟုမြည်တမ်းပြောဆိုလျက်နေ၏။