ကေနိအမျိုးသားဟေဗာ၏ဇနီးယေလသည် တဲရှင်တွင်နေထိုင်သူ၊အမျိုးသမီးတို့အနက် မင်္ဂလာအရှိဆုံးဖြစ်၏။
သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။-
ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောသတ္တံကျမ်းပြီး၏။
သူ၏နာမည်မှာမာရိဖြစ်၏။ ကောင်းကင်တမန် သည်မာရိထံသို့လာ၍ ``ထူးကဲသောကျေးဇူး တော်ကိုခံစားရသည့်အမျိုးသမီး၊ သင်သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်'' ဟုဆို၏။
``သင်သည်အမျိုးသမီးတကာတို့ထက်မင်္ဂလာ ရှိ၏။ သင်ဖွားအံ့သောသားသည်မင်္ဂလာရှိ၏။-
သိသရသည်ကေနိအမျိုးသားဟေဗာ ၏ဇနီးယေလ၏တဲသို့ထွက်ပြေးသွားလေ သည်။ အဘယ်ကြောင့်ဆိုသော်ဟာဇော်ဘုရင် ယာဘိန်နှင့်ဟေဗာ၏မိသားစုသင့်မြတ် မှုရှိသောကြောင့်ဖြစ်၏။-
သူကလည်း``ငါရေငတ်သည်၊ ရေတစ်ပေါက် လောက်သောက်ပါရစေ'' ဟုယေလအားပြော လျှင်ယေလသည်နွားနို့ထည့်ထားသော သားရေဘူးကိုဖွင့်၍ နို့တစ်ခွက်ကိုပေးပြီး နောက်သူ့အားပြန်၍ဝှက်ထားလေသည်။-
သိသရသည်ရေကိုတောင်းသော်လည်းယေလက နို့ကိုပေး၏။ လှပသောခွက်ဖလားဖြင့်နို့ကိုပေး၏။