သူကြီး 5:18Common Language Bibleသို့ရာတွင်ဇာဗုလုန်နယ်နှင့်နဿလိနယ်မှ လူတို့သည်ကားစစ်မြေပြင်တွင်၊ မိမိတို့၏အသက်ကိုပမာဏမပြုဘဲ စွန့်စားကြသတည်း။ အခန်းကိုကြည့်ပါ။ |
``ရှုရှန်မြို့တွင်ရှိသမျှသောယုဒအမျိုး သားတို့ကိုစုရုံးပြီးလျှင် ကျွန်မအတွက် အစာရှောင်စေ၍ နေ့ညဥ့်မပြတ်သုံးရက် ပတ်လုံးမစားမသောက်ဘဲနေကြပါစေ။ ကျွန်မနှင့်ကျွန်မ၏အပျိုတော်တို့သည် လည်းအစာရှောင်ကြပါမည်။ ထိုနောက်တရား ဥပဒေကူးလွန်၍သေဒဏ်ခံရစေကာမူ မင်းကြီးထံသို့ကျွန်မဝင်ပါမည်'' ဟုပြန် ကြားလိုက်၏။
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''