Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 4:5

Common Language Bible

သူ​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​တွင်​ရာ​မ မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား​ရှိ​စွန်​ပ​လွံ​ပင် အောက်​၌​ထိုင်​၍​နေ​လေ့​ရှိ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လည်း​အ​ဆုံး​အ​ဖြတ် ကို​ခံ​ယူ​ရန် ထို​အ​ရပ်​သို့​သွား​ရောက်​လေ့ ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ရေ​ဗက္က​၏​အ​ထိန်း​ဒေ​ဗော​ရ​ကွယ်​လွန်​၍ ဗေ​သ​လ တောင်​ဘက်​ရှိ​ဝက်​သစ်​ချ​ပင်​အောက်​၌​အ​လောင်း ကို​မြှုပ်​လေ​သည်။ ထို​ကြောင့်​ထို​အ​ပင်​ကို``မျက်​ရည် ယို​ဝက်​သစ်​ချ​ပင်'' ဟု​နာ​မည်​မှည့်​လေ​၏။

နောက်​တစ်​နေ့​တွင်​မော​ရှေ​သည်​လူ​တို့​၏ အ​မှု​အ​ခင်း​များ​ကို နံ​နက်​ချိန်​မှ​စ​၍ မိုး​ချုပ်​သည့်​တိုင်​အောင်​စီ​ရင်​ရ​သည်။-

လူ​နှစ်​ဦး​၌​အ​ငြင်း​အ​ခုံ​ဖြစ်​ပွား​လျှင် ကျွန်ုပ် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ယူ​ရန်​ကျွန်ုပ်​ထံ​သို့ လာ​ကြ​ပါ​သည်။ ကျွန်ုပ်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့်​နှင့်​ပ​ညတ်​တော်​များ​ကို​လိုက် နာ​ရန် ပြော​ပြ​ရ​ပါ​သည်'' ဟု​ဖြေ​ကြား​လေ ၏။

ငါ​သည်​သင့်​အား​အ​ကြံ​ကောင်း​ပေး​ပါ​မည်။ ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​ပါ​စေ သော။ သင်​၏​တာ​ဝန်​မှာ​လူ​တို့​၏​အ​ငြင်း​ပွား မှု​များ​ကို သူ​တို့​၏​ကိုယ်​စား​ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​ပေး​ခြင်း​မှာ​ကောင်း ပေ​သည်။-

ထို​သူ​တို့​သည်​လူ​များ​ကို​တ​ရား​စီ​ရင်​ရန် အ​မြဲ​တမ်း​တ​ရား​သူ​ကြီး​များ​အ​ဖြစ် ဆောင်​ရွက်​ရ​သည်။ သူ​တို့​သည်​ခက်​ခဲ​သော အ​မှု​များ​ကို​မော​ရှေ​ထံ​သို့​တင်​ပြ​၍ သေး ငယ်​သော​အ​မှု​များ​ကို​ကိုယ်​တိုင်​ဆုံး​ဖြတ် ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​က၊ ``ရာ​မ​အ​ရပ်​၌​အ​သံ​တစ်​ခု​ကို​ကြား​ရ​၏။ ထို​အ​သံ​သည်​ဝမ်း​နည်း​ပက်​လက် ငို​ကြွေး​သည့်​အ​သံ​ဖြစ်​၏။ ရာ​ခေ​လ​သည်​မိ​မိ​၏​သား​သ​မီး​များ​အ​တွက် ငို​ကြွေး​လျက်​နေ​လေ​သည်။ သူ​တို့​အား​လုံး​ပင်​မ​ရှိ​တော့​ပြီ​ဖြစ်​၍ သူ​သည်​နှစ်​သိမ့်​မှု​ကို​မ​ခံ​လို'' ဟု​မိန့်​ဆို​၏။

တစ်​ဖန်​ဗေ​သ​လ​မြို့​မှ​လု​ဇ​မြို့​သို့​လည်း ကောင်း၊ ထို​မှ​တစ်​ဆင့်​အာ​ခိ​အ​မျိုး​သား များ​နေ​ထိုင်​ရာ​အ​တ​ရုတ်​အန္ဒာ​မြို့​သို့ လည်း​ကောင်း​ရောက်​သည်။-

ဗေ​သ​ရာ​ဗ​မြို့၊ ဇေ​မ​ရိမ်​မြို့၊ ဗေ​သ​လ​မြို့၊-

ထို့​အ​ပြင်​ဂိ​ဗောင်​မြို့၊ ရာ​မ​မြို့၊ ဗေ​ရုတ်​မြို့၊- မိ​ဇ​ပါ​မြို့၊ ခေ​ဖိ​ရ​မြို့၊ မော​ဇ​မြို့၊- ရေ​ကင် မြို့၊ ဣ​ရ​ပေ​လ​မြို့၊ တာ​ရ​လ​မြို့၊-

ထို​အ​ခါ​လ​ဝိ​ဒုတ်​၏​ဇ​နီး​ဒေ​ဗော​ရ​သည် ပ​ရော​ဖက်​မ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​တ​ရား​သူ​ကြီး​တစ်​ဦး​အ​ဖြစ် အ​မှု​ထမ်း​လျက်​နေ​၏။-

ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​ရာ​မ​မြို့​တွင် ဧ​လ​ကာ​န​ဟု​နာ​မည်​တွင်​သော​လူ​တစ် ယောက်​ရှိ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ဖြစ် ၍​အ​ဖ​မှာ​ယေ​ရော​ဟံ၊ အ​ဖိုး​ကား​ဧ​လိ ဖြစ်​၏။ သူ​သည်​ဇု​ဖ​သား​ချင်း​စု၊ တော​ဟူ အိမ်​ထောင်​စု​ဝင်​ဖြစ်​သ​တည်း။-

နောက်​တစ်​နေ့​၌​ဧ​လ​ကာ​န​နှင့်​အိမ်​ထောင်​စု​သား တို့​သည် နံ​နက်​စော​စော​ထ​၍​ဘု​ရား​သ​ခင်​အား ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ထို​နောက်​ရာ​မ​မြို့​နေ​အိမ် သို့​ပြန်​ကြ​၏။ ဧ​လ​ကာ​န​သည်​သူ​၏​ဇ​နီး​ဟန္န နှင့်​ဆက်​ဆံ​လေ​၏။ ဘု​ရား​သ​ခင်​သည်​ဟန္န​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့်၊-

တစ်​နေ့​သ​၌​ရှော​လု​သည်​ဂိ​ဗာ​မြို့​သို့​ရောက် ရှိ​လာ​၏။ မင်း​ကြီး​သည်​လှံ​ကို​ကိုင်​လျက်​တောင် ကုန်း​ပေါ်​ရှိ​အင်​ကြင်း​ပင်​အောက်​တွင် အ​ရာ​ရှိ များ​ခြံ​ရံ​ကာ​ထိုင်​လျက်​နေ​တော်​မူ​၏။-

ရှ​မွေ​လ​ကွယ်​လွန်​သွား​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လာ​ရောက်​စု ဝေး​လျက်​ငို​ကြွေး​မြည်​တမ်း​ကြ​၏။ ထို​နောက် သူ့​အား​ရာ​မ​မြို့​နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက် ကြ​၏။ ယင်း​သို့​သင်္ဂြိုဟ်​ပြီး​သော​အ​ခါ​ဒါ​ဝိဒ်​သည် ပါ​ရန်​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား​လေ သည်။-

ထို​နောက်​သူ​သည်​ရာ​မ​မြို့​နေ​အိမ်​သို့​ပြန်​၍ တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​၏။ သူ သည်​ရာ​မ​မြို့​တွင်​ထာ​ဝ​ရ​ဘုရား​အ​ဖို့ ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ