Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 4:19

Common Language Bible

သူ​က​လည်း``ငါ​ရေ​ငတ်​သည်၊ ရေ​တစ်​ပေါက် လောက်​သောက်​ပါ​ရ​စေ'' ဟု​ယေ​လ​အား​ပြော လျှင်​ယေ​လ​သည်​နွား​နို့​ထည့်​ထား​သော သား​ရေ​ဘူး​ကို​ဖွင့်​၍ နို့​တစ်​ခွက်​ကို​ပေး​ပြီး နောက်​သူ့​အား​ပြန်​၍​ဝှက်​ထား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​ရေ​တွင်း​သို့​ရောက်​ရှိ​ပါ​ပြီ။ မိန်းမ​ပျို​တစ် ဦး​ရေ​ခပ်​လာ​သော​အ​ခါ​သူ့​အား`ရေ​တစ်​ပေါက် လောက်​သောက်​ပါ​ရ​စေ' ဟု​တောင်း​ပါ​မည်။-

သို့​ဖြစ်​၍​ဧ​လိ​ယ​သည်​ဇ​ရတ္တ​မြို့​သို့​သွား လေ​သည်။ သူ​သည်​မြို့​တံ​ခါး​ဝ​သို့​ရောက်​သော အ​ခါ ထင်း​ခွေ​နေ​သော​မု​ဆိုး​မ​တစ်​ယောက်​ကို တွေ့​သ​ဖြင့်``ငါ့​အား​သောက်​ရေ​တစ်​ပေါက် လောက်​ပေး​ပါ'' ဟု​ပြော​၏။-

ငါ​၏​လူ​မျိုး​တော်​သည်​ရေ​ကို​လို​၍ ရှာ​သော​အ​ခါ​၌​လည်း​ကောင်း၊ သူ​တို့​သည်​ရေ​ငတ်​သ​ဖြင့်​လည်​ချောင်း ခြောက်​သည့်​အ​ခါ​၌​လည်း​ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​ငါ​သည်​သူ​တို့​အား​အ​ဘယ် အ​ခါ​၌​မျှ စွန့်​ပစ်​လိမ့်​မည်​မဟုတ်။

ရှ​မာ​ရိ​အ​မျိုး​သ​မီး​တစ်​ဦး​သည်​ရေ​ခပ်​ရန် ရောက်​ရှိ​လာ​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​အား သောက်​ရေ​တစ်​ခွက်​ပေး​ပါ'' ဟု​ထို​အ​မျိုး သ​မီး​အား​မိန့်​တော်​မူ​၏။-

ယေ​လ​သည်​ထွက်​၍​သိ​သ​ရ​အား``ကြွ​တော် မူ​ပါ။ ကျွန်​တော်​မ​တဲ​ထဲ​သို့​ဝင်​တော်​မူ​ပါ။ ကြောက်​လန့်​တော်​မ​မူ​ပါ​နှင့်'' ဟု​ဖိတ်​ခေါ် လေ​သည်။ သို့​ဖြစ်​၍​စစ်​သူ​ကြီး​သည်​တဲ​ထဲ သို့​ဝင်​လေ​သော်​ယေလ​သည်​သူ့​အား​ကန့်​လန့် ကာ​တစ်​ခု​၏​နောက်​တွင်​ကွယ်​ဝှက်​၍​ထား​၏။-

ထို​နောက်​သိ​သ​ရ​က``သင်​သည်​တဲ​တံ​ခါး​ဝ ၌​စောင့်​နေ​ပါ​လော့။ အ​ကယ်​၍​တဲ​ထဲ​တွင်​လူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော​ဟု​မေး​မြန်း လာ​သူ​ရှိ​ပါ​က`မ​ရှိ​ပါ' ဟု​ပြန်​ပြော​ပါ လေ'' ဟု​ယေ​လ​အား​မှာ​ထား​လိုက်​၏။

ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​၏​ဇ​နီး​ယေ​လ​သည် တဲ​ရှင်​တွင်​နေ​ထိုင်​သူ၊အ​မျိုး​သ​မီး​တို့​အ​နက် မင်္ဂ​လာ​အ​ရှိ​ဆုံး​ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ