Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 4:15

Common Language Bible

ရန်​သူ​ကို​တိုက်​ခိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​၏​သံ​ရ​ထား​များ​နှင့်​တပ်​သား​တို့ ကို​က​စဥ့်​က​ရဲ​ဖြစ်​စေ​တော်​မူ​သ​ဖြင့် သိ​သ​ရ သည်​မိ​မိ​ရ​ထား​မှ​ဆင်း​၍​ခြေ​လျင်​ထွက် ပြေး​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ရှု​ရိ​အ​မျိုး​သား​တို့ အား​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ဖြင့် တပ်​မ​တော်​ကြီး​ချီ​တက်​လာ​သော​အ​သံ​ကို ကြား​စေ​တော်​မူ​သ​ဖြင့် ရှု​ရိ​အ​မျိုး​သား​တို့ က``ငါ​တို့​ကို​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​ဘု​ရင် သည် ဟိတ္တိ​ဘု​ရင်​နှင့်​အီ​ဂျစ်​ဘု​ရင်​တို့​ကို​စစ် ကူ​တောင်း​လေ​ပြီ'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​သည်​က​စဥ့် က​လျား​ဖြစ်​၍​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။-

ဆက်​လက်​ဖော်​ပြ​ရန်​လို​သေး​သ​လော။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​နှင့် ပ​ရော​ဖက်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရန် အ​ချိန်​လောက်​မည်​မ​ဟုတ်။-

ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဖ​ရို ဖ​ရဲ​ထွက်​ပြေး​စေ​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ဂိ​ဗောင်​မြို့ တွင်​ရန်​သူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ် ၍ ဗေ​သော​ရုံ​တောင်​ကြား​ကို​လွန်​လျက်​တောင် ဘက်​အ​ဇေ​ကာ​မြို့​နှင့်​မက္က​ဒါ​မြို့​များ​သို့ တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ကြ​လေ​သည်။-

ရှ​မွေ​လ​သည်​ယဇ်​ပူ​ဇော်​လျက်​နေ​စဉ်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ထို​အ​ချိန်​၌​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား သည် သူ​တို့​အ​ပေါ်​မှာ​ပြင်း​စွာ​မိုး​ချုန်း​စေ တော်​မူ​သ​ဖြင့် သူ​တို့​သည်​က​စဥ့်​က​ရဲ​ဖြစ် လျက်​ထွက်​ပြေး​ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ