သူကြီး 3:29Common Language Bibleထိုနေ့၌မောဘအမျိုးသားလက်ရွေးစင်စစ် သည် တစ်သောင်းမျှသုတ်သင်ခြင်းကိုခံရကြ ၏။ သူတို့တစ်ယောက်မျှမလွတ်မြောက်ပေ။- အခန်းကိုကြည့်ပါ။ |
``တစ်ချိန်တည်းမှာပင် ငါသည်သူတို့အား`ငါ တို့၏ဘုရားသခင်ထာဝရဘုရားသည် ယော်ဒန်မြစ်အရှေ့ဘက်တွင်ရှိသောဤပြည် ကို သင်တို့အားသိမ်းယူစေတော်မူပြီ။ ယခု သင်တို့၏စစ်သူရဲတို့ကိုလက်နက်စွဲကိုင် စေလော့။ အခြားသောဣသရေလအနွယ် ဝင်တို့နယ်မြေရရှိရေးအတွက် စစ်ကူ တိုက်ခိုက်ရန်သူတို့အလျင်ယော်ဒန်မြစ် ကိုဖြတ်ကူးစေလော့။-
သူက``ငါ့နောက်သို့လိုက်ကြလော့။ ထာဝရ ဘုရားသည်သင်တို့အားရန်သူဖြစ်သော မောဘအမျိုးသားတို့အပေါ်၌အောင်ပွဲ ခံစေတော်မူပြီ'' ဟုသူတို့အားပြောလေ သည်။ သို့ဖြစ်၍ဣသရေလအမျိုးသား တို့သည်တောင်ကုန်းပေါ်မှဆင်း၍ ဧဟုဒ၏ နောက်သို့လိုက်ပြီးလျှင်မောဘအမျိုးသား တို့ကူးရာယော်ဒန်မြစ်ကူးဆိပ်ကိုသိမ်း ယူကြလေသည်။ ရန်သူတို့တစ်ယောက်မျှ မြစ်ကိုကူးခွင့်မရကြ။-