သူကြီး 21:4Common Language Bibleနောက်တစ်နေ့နံနက်စောစော၌လူတို့သည် ထ၍ ထိုအရပ်တွင်ယဇ်ပလ္လင်တစ်ခုကိုတည် ဆောက်ကာ မိတ်သဟာယယဇ်နှင့်မီးရှို့ရာ ယဇ်တို့ကိုပူဇော်ကြ၏။- အခန်းကိုကြည့်ပါ။ |
သူသည်ထိုအရပ်တွင်ထာဝရဘုရား၏ အတွက် ယဇ်ပလ္လင်ကိုတည်ဆောက်တော်မူပြီး လျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တို့ ကိုပူဇော်တော်မူ၏။ ထာဝရဘုရားသည် လည်းမင်းကြီး၏ဆုတောင်းပတ္ထနာကိုနား ညောင်းတော်မူ၍ ဣသရေလနိုင်ငံတွင် ကပ်ရောဂါဘေးကိုငြိမ်းအေးစေတော် မူ၏။ ဋ္ဌမ္မရာဇဝင်ဒုတိယစောင်ပြီး၏။
ထိုနေ့၌ပင်မင်းကြီးသည်ဗိမာန်တော်ရှေ့၌ ရှိသော အလယ်တံတိုင်းကိုလည်းအနုမောဒနာ ပြုတော်မူ၏။ သူသည်ထိုနေရာ၌တစ်ကောင်လုံး မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သကာကိုလည်း ကောင်း၊ မိတ်သဟာယယဇ်အတွက်ဆီဥကို လည်းကောင်းပူဇော်လေသည်။ ထိုသို့ပြုရခြင်း မှာဗိမာန်တော်တံတိုင်းအတွင်းရှိ ကြေးဝါ ယဇ်ပလ္လင်သည်ထိုပူဇော်သကာအပေါင်းတို့ အတွက်အလွန်သေးငယ်၍နေသောကြောင့် တည်း။