Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 21:21

Common Language Bible

စောင့်​ဆိုင်း​နေ​ကြ​လော့။ ရှိ​လော​မြို့​သူ​တို့​သည် ပွဲ​ခံ​အံ့​သော​ငှာ​က​ခုန်​လျက်​လာ​ကြ​လိမ့် မည်။ ထို​အ​ခါ​စပျစ်​ဥ​ယျာဉ်​များ​မှ​ထွက်​၍ သင်​တို့​နှင့်​အိမ်​ထောင်​ဖက်​ပြု​ရန်​နှစ်​သက် ရာ​အ​မျိုး​သ​မီး​ကို​ဗင်္ယာ​မိန်​ပြည်​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​သွား​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ပိတ်​စ​တစ်​ခု​ကို​သာ​ဝတ်​ဆင်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် အ​စွမ်း​ကုန်​က​ခုန်​လေ​၏။-

ဒါ​ဝိဒ်​က``ငါ့​အား​သင့်​ခ​မည်း​တော်​နှင့်​သား မြေး​တို့​ကို​ကျော်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ခေါင်း​ဆောင်​အ​ဖြစ်​ခန့်​အပ်​ရွေး​ချယ် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​ကူး​ရန်​ငါ​သည်​က​ခုန်​နေ​ခဲ့​ခြင်း​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး ရန်​နောင်​ကို​လည်း​ဆက်​လက်​က​ခုန်​လျက်၊-

ဇိ​အုန်​မြို့​သူ​မြို့​သား​တို့၊သင်​တို့​၏​ဘု​ရင်​ကို အ​ကြောင်း​ပြု​၍​ရွှင်​မြူး​ကြ​လော့။ က​ခုန်​လျက်​ကိုယ်​တော်​၏​နာ​မ​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ ပတ်​သာ​နှင့်​စောင်း​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

ပတ်​သာ​ကို​တီး​လျက်၊က​ခုန်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ စောင်း​များ၊ပြွေ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

အာ​ရုန်​၏​အစ်​မ​ဖြစ်​သူ​ပ​ရော​ဖက်​မ​မိ​ရိ​အံ သည် ပတ်​သာ​ဗုံ​ကို​ကိုင်​၍​တီး​လေ​၏။ အ​ခြား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​က​လည်း​ပတ်​သာ ဗုံ​ကို​တီး​၍ သူ​၏​နောက်​မှ​က​လျက်​လိုက် ကြ​၏။-

ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏။

ထို​အ​ခါ​သ​မီး​က​ညာ​တို့​သည်​ပျော်​ရွှင်​ဝမ်း မြောက်​စွာ က​ခုန်​ကြ​လိမ့်​မည်။ လူ​အို​လူ​ပျို​များ​သည်​လည်း​အား​ရ ရွှင်​မြူး​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​နှစ်​သိမ့်​စေ​၍​သူ​တို့​ငို ကြွေး​ခြင်း​ကို ပျော်​ရွှင်​ခြင်း​အ​ဖြစ်​သို့​လည်း​ကောင်း၊ သူ​တို့​၏​ဝမ်း​နည်း​ခြင်း​ကို နှစ်​သိမ့်​ခြင်း​နှင့်​ဝမ်း​မြောက်​ခြင်း​အ​ဖြစ်​သို့​လည်း ကောင်း ပြောင်း​လဲ​စေ​မည်။

သ​တိ​နှင့်​နေ​ကြ​လော့။ လူ​တို့​သည်​သင်​တို့​အား တ​ရား​ခုံ​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။-

သို့​ရာ​တွင်​လူ​သား​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ ကို​လည်း​ကောင်း၊ ဤ​ခေတ်​လူ​တို့​၏​ပစ်​ပယ် ခြင်း​ကို​လည်း​ကောင်း​ဦး​စွာ​ခံ​ရ​လိမ့်​မည်။-

ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့​နေ​အိမ်​သို့​ပြန်​လာ သော​အ​ခါ သ​မီး​ဖြစ်​သူ​သည်​ပတ်​သာ​ကို​တီး ၍​က​ခုန်​လျက် သူ့​အား​ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​လာ​၏။ သူ​သည်​ကား​တစ်​ဦး​တည်း​သော သ​မီး​ဖြစ်​သတည်း။-

သူ​တို့​က​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား``သင် တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​သို့​သွား​၍ ပုန်း အောင်း​၍၊-

ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​ကို​သတ်​ပြီး​နောက် စစ် သည်​တပ်​သား​များ​နှင့်​အ​တူ​အိမ်​ပြန်​လာ ရာ ရောက်​ရှိ​လေ​ရာ​မြို့​များ​မှ​အ​မျိုး​သ​မီး တို့​သည်​ရှော​လု​အား​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ လူ​တို့​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​များ​ဆို ၍​က​ခုန်​လျက်​ပတ်​သာ​များ​နှင့်​စောင်း​ငယ် များ​ကို​တီး​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ