သူကြီး 20:41Common Language Bibleထိုအခါဣသရေလအမျိုးသားတို့သည်ပြန် ၍လှည့်လာကြ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ဆုံးပါးပျက်စီးရတော့မည့်အဖြစ် ကိုသိရှိလာသဖြင့်ကြောက်လန့်တုန်လှုပ်လျက်၊- အခန်းကိုကြည့်ပါ။ |
အာဣမြို့သားတို့သည်နောက်သို့လှည့်ကြည့် သောအခါ မြို့မှမီးခိုးလုံးကြီးများအထက် သို့တက်လျက်ရှိသည်ကိုမြင်ရလေသည်။ ထို အခါမြို့ပြင်ဘက်သို့ထွက်ပြေးခဲ့ကြသော ဣသရေလတပ်သားတို့သည်ပြန်လှည့်၍ အာဣမြို့သားတို့ကိုတိုက်ခိုက်ကြသဖြင့် သူတို့ထွက်ပေါက်မရှိဘဲပိတ်မိနေကြ၏။-
သို့ရာတွင်ထိုသူတို့သည်ထောင်ဖမ်း၍သတ် ဖြတ်ပစ်ရန်အတွက် ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သောသားရဲတိရစ္ဆာန် များနှင့်တူကြသည်။ သူတို့သည်မိမိတို့ မသိနားမလည်သည့်အရာဟူသမျှကို ကဲ့ရဲ့ပြောဆိုတတ်ကြ၏။ အသိဉာဏ်ကင်း မဲ့သည့်သားရဲတိရစ္ဆာန်များနည်းတူ ပျက်စီးရကြလိမ့်မည်။-