သူကြီး 20:1Common Language Bibleမြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။-
ဤအကြောင်းကိုကြားသိကြသောအခါ အညံ့မခံအရှုံးမပေးခဲ့ကြသူယုဒတပ်မှူး များနှင့်စစ်သူရဲတို့သည် မိဇပါမြို့ရှိဂေဒလိ ထံဝင်ရောက်လာကြ၏။ ထိုတပ်မှူးများမှာ နာသနိ၏သားဣရှမေလ၊ ကာရာ၏သား ယောဟနန်၊ နေတောဖတ်မြို့သားတာနုမက် ၏သားစရာယနှင့်မာခသိမြို့သားယေ ဇနိတို့ဖြစ်ကြ၏။-
သတ္တမလရောက်ချိန်၌ဣသရေလအမျိုး သားတို့သည် မိမိတို့မြို့ရွာများတွင်အတည် တကျနေထိုင်လျက်ရှိကြ၏။ ထိုလပထမ ရက်နေ့၌သူတို့သည်ယေရုရှလင်မြို့ရေ တံခါးအတွင်းကွက်လပ်တွင်စုဝေးကြ၏။ သူတို့သည်ဣသရေလအမျိုးသားတို့အား မောရှေမှတစ်ဆင့် ထာဝရဘုရားပေးအပ် တော်မူခဲ့သောပညတ်တရားတော်ကို ကျွမ်းကျင်သူ ယဇ်ပုရောဟိတ်ဧဇရအား ပညတ်ကျမ်းကိုဆောင်ခဲ့ရန်တောင်းပန် ကြ၏။-
ယောသပ်၏သားဦးဖြစ်သောမနာရှေ၏ အဆက်အနွယ်မိသားစုအချို့တို့သည် လည်း ယော်ဒန်မြစ်အနောက်ဘက်ရှိနယ်မြေ တစ်စိတ်တစ်ဒေသကိုအပိုင်ရရှိကြလေ သည်။ ဂိလဒ်၏ဖခင်မာခိရသည်မနာရှေ ၏သားဦးဖြစ်သည်။ စစ်သူရဲကောင်းလည်း ဖြစ်သည်။ သို့ဖြစ်၍သူသည်ယော်ဒန်မြစ် အရှေ့ဘက်ရှိဂိလဒ်နယ်နှင့်ဗာရှန်နယ် တို့ကိုရရှိသည်။-
ထို့ကြောင့်ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ မနာရှေအနွယ်တို့သည် မိမိတို့နေရပ်သို့ ပြန်သွားကြ၏။ သူတို့သည်ခါနာန်ပြည်၊ ရှိလောမြို့တွင်ရှိသောကျန်အခြားဣသ ရေလအမျိုးသားတို့ထံမှထွက်ခွာ၍ မောရှေမှတစ်ဆင့်ထာဝရဘုရားပေး တော်မူသည့်အမိန့်အရ သူတို့သိမ်းပိုက် ပြီးသောဂိလဒ်ပြည်သို့ပြန်သွားကြ၏။
ထို့ကြောင့်ယေဖသသည်ဂိလဒ်ပြည်ခေါင်းဆောင် များနှင့်အတူလိုက်သွားလေသည်။ လူတို့သည် လည်းသူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ခေါင်းဆောင်အဖြစ်ဖြင့်လည်းကောင်း ချီးမြှောက်ကြ၏။ ယေဖသသည်မိဇပါမြို့ ၌ထာဝရဘုရား၏ရှေ့တော်မှောက်တွင် မိ မိတောင်းဆိုချက်များကိုပြန်လည်ဖော် ပြလျှောက်ထား၏။
ဣသရေလအမျိုးသားတို့သည်ဗေသလ မြို့ရှိဝတ်ပြုကိုးကွယ်ရာဌာနတော်သို့သွား ၍``ဗင်္ယာမိန်အမျိုးသားတို့အားမည်သည့် အနွယ်ဝင်များကဦးစွာပထမတိုက်ခိုက် ရပါမည်နည်း'' ဟုဘုရားသခင်အားလျှောက် ထားမေးမြန်းကြ၏။ ထာဝရဘုရားက``ယုဒအနွယ်ဝင်များ'' ဟူ၍ဖြေကြားတော်မူ၏။
သူတို့က``ဣသရေလလူမျိုးအနွယ်အပေါင်း တို့အနက်မိဇပါမြို့ရှိ ထာဝရဘုရား၏ ရှေ့တော်သို့မလာမရောက်ဘဲနေခဲ့သည့်လူ စုရှိပါသလော'' ဟုမေးမြန်းကြ၏။ (အဘယ် ကြောင့်ဆိုသော်မိဇပါမြို့ထာဝရဘုရား ထံတော်သို့မလာမရောက်ဘဲနေသောသူ သည်သေဒဏ်ခံစေဟုကျိန်ဆိုကတိပြု ခဲ့ကြသောကြောင့်ဖြစ်၏။-)