Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 19:6

Common Language Bible

သို့​ဖြစ်​၍​ယောက္ခ​မ​နှင့်​သမက်​တို့​သည်​အ​တူ ထိုင်​၍​စား​သောက်​ကြ​၏။ ထို​နောက်​ယောက္ခ​မ က``ယ​နေ့​လည်း​အိပ်​ပါ​ဦး​ပျော်​မွေ့​စွာ​နေ ပါ​ဦး'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့် စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​ပြီး​နောက် မိ​မိ​၏​အ​စေ ခံ​တို့​အား``အာ​မ​နုန်​သည်​စ​ပျစ်​ရည်​အ​လွန် အ​ကြူး​သောက်​မိ​သော​အ​ခါ ငါ​အ​မိန့်​ပေး လိုက်​မည်။ ထို​အ​ခါ​သင်​တို့​သူ့​အား​လုပ်​ကြံ ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ ငါ​ကိုယ်​တိုင်​တာ ဝန်​ယူ​မည်။ ရဲ​ရင့်​စွာ​ပြု​ကြ​လော့။ လက်​မ​ရွံ့ စေ​ကြ​နှင့်'' ဟု​မှာ​ကြား​၍​ထား​၏။-

ယေ​ဇ​ဗေ​လ​က``အ​ရှင်​သည်​ဣ​သ​ရေ​လ​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​ပါ​လော။ အိပ်​ယာ​မှ​ထ​တော်​မူ ၍​ရွှင်​လန်း​စွာ​စား​တော်​ခေါ်​တော်​မူ​ပါ။ နာ​ဗုတ် ၏​ဥ​ယျာဉ်​ကို​အ​ရှင်​၏​လက်​တော်​သို့​ကျွန်​မ အပ်​ပါ​မည်'' ဟု​လျှောက်​၏။

ပွဲ​တော်​သတ္တ​မ​နေ့​ရက်​ရောက်​သော​အ​ခါ မင်း ကြီး​သည်​စ​ပျစ်​ရည်​သောက်​၍​ရွှင်​လန်း​သော အ​ခါ အ​ပါး​တော်​မြဲ​မိန်း​မ​စိုး​ခု​နစ်​ယောက် ဖြစ်​ကြ​သော​မ​ဟု​မန်၊ ဗိ​ဇ​သ၊ ဟာ​ဗော​န၊ ဗိ​ဂ​သ၊ အ​ဗာ​ဂ​သ၊ ဇေ​သာ၊ ကာ​ကတ်​တို့ ကို​ခေါ်​ယူ​ကာ၊-

မိ​မိ​အား​စိတ်​ကို​ပျော်​ရွှင်​စေ​ရန် စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ လန်း​ဆန်း​စေ​ရန်​သံ​လွင်​ဆီ​ကို​လည်း​ကောင်း၊ ခွန်​အား​ဖြစ်​စေ​ရန်​အ​စား​အ​စာ​ကို​လည်း​ကောင်း ရ​ရှိ​နိုင်​ပါ​၏။

ထို​နောက်`သင်​သည်​နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင် ရန်​ဥစ္စာ​ပစ္စည်း​များ​ကို​သို​မှီး​ထား​ပြီး​ဖြစ်​၍ စိတ်​ချမ်း​သာ​စွာ​နေ​လော့။ စား​သောက်​ပျော်​ပါး စွာ​နေ​လော့' ဟု​ငါ့​ကိုယ်​ကို​ငါ​ပြော​မည်​ဟု ဆို​၏။-

``အန္တ​ရာယ်​ကင်း​လျက်​သာ​ယာ​သည်'' ဟု​လူ​တို့ ပြော​ဆို​ကြ​သော​အ​ခါ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​အ​ပေါ်​သို့​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရုတ် တ​ရက်​ကျ​ရောက်​လာ​သ​ကဲ့​သို့ လူ​တို့​အ​ပေါ် သို့​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လာ​လိမ့်​မည်။-

ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​ပ​ရော​ဖက်​နှစ်​ပါး သေ​သည့်​အ​တွက် အား​ရ​ဝမ်း​မြောက်​လျက် အ​ချင်း​ချင်း​လက်​ဆောင်​ပဏ္ဏာ​များ​ပေး​ကာ အောင်​ပွဲ​ခံ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ထို​ပ​ရော​ဖက်​နှစ်​ပါး​သည် ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​များ​စွာ​ဒုက္ခ​ရောက်​စေ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-

ထို​ခ​ဏ​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​သ​ဖြင့် မြို့​ကြီး​၏​ဆယ်​ပုံ​တစ်​ပုံ​ပျက်​စီး​၍​လူ​ပေါင်း ခု​နစ်​ထောင်​သေ​ကြ​၏။ ကြွင်း​ကျန်​သော​သူ တို့​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ကုန်​၏။

လေ​ဝိ​အ​မျိုး​သား​သည်​ထ​၍​ခ​ရီး​သွား​ရန် ပြင်​ဆင်​သော်​လည်း ယောက္ခ​မ​ဖြစ်​သူ​က​ဆက် လက်​နေ​ထိုင်​ရန်​တိုက်​တွန်း​သ​ဖြင့် ထို​ည​တွင် လည်း​ထို​အိမ်​၌​အိပ်​လေ​သည်။-

သူ​သည်​မိ​မိ​၏​မယား​ငယ်​နှင့်​အ​စေ​ခံ​ကို ခေါ်​၍ ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​ယောက္ခ​မ က``ကြည့်​ပါ​ည​နေ​ချမ်း​အ​ချိန်​သို့​ရောက် လေ​ပြီ။ မ​ကြာ​မီ​ပင်​မှောင်​လာ​တော့​အံ့။ ဤ အ​ရပ်​၌​ပင်​တစ်​ည​အိပ်​၍​ပျော်​မွေ့​စွာ​နေ ပါ​လော့။ နက်​ဖြန်​နံ​နက်​စော​စော​ထ​၍​ပြန် ပါ​လော့'' ဟု​ဆို​လေ​သည်။

ထို​သူ​အ​ပေါင်း​တို့​သည်​စ​ပျစ်​ဥယျာဉ်​များ သို့​သွား​ရောက်​ကာ စ​ပျစ်​သီး​များ​ကို​ခူး​၍ စ​ပျစ်​ရည်​ပြု​လုပ်​ပြီး​လျှင် ပွဲ​လမ်း​သ​ဘင် တစ်​ရပ်​ကို​ဆင်​နွှဲ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​သွား​၍ စား သောက်​ကာ​အ​ဘိ​မ​လက်​အား​ပြက်​ရယ် ပြု​ကြ​၏။-

ဗော​ဇ​သည်​စား​သောက်​၍​ပြီး​သော​အ​ခါ​စိတ် ရွှင်​ပြ​လျက် စ​ပါး​ပုံ​ရှိ​ရာ​သို့​သွား​၍​အိပ် လေ​သည်။ ရု​သ​သည်​သူ​၏​ထံ​သို့​တိတ်​တ ဆိတ်​ချဉ်း​ကပ်​၍ စောင်​ကို​မ​ပြီး​လျှင်​သူ​၏ ခြေ​ရင်း​တွင်​လဲ​လျောင်း​လိုက်​၏။-

အ​ဘိ​ဂဲ​လ​သည်​လည်း​နာ​ဗ​လ​ထံ​သို့​ပြန် လေ​၏။ နာ​ဗ​လ​ကား​မိ​မိ​၏​အိမ်​တွင် ဘု​ရင့် ပွဲ​တော်​တ​မျှ​ခမ်း​နား​သည့်​စား​ပွဲ​ကြီး​ကို ကျင်း​ပ​လျက်​နေ​၏။ သူ​သည်​သေ​ရည်​ယစ်​မူး ကာ​ပျော်​ရွှင်​လျက်​ရှိ​သ​ဖြင့် အ​ဘိ​ဂဲ​လ သည်​သူ့​အား​နောက်​တစ်​နေ့​နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ပြော​ဘဲ​နေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ