ထိုနေ့နံနက်၌သူ၏ခင်ပွန်းသည်ခရီးပြုရန် ထ၍တံခါးကိုဖွင့်လိုက်သောအခါ မိမိ၏ မယားငယ်သည်တံခါးခုံကိုလက်တင်၍အိမ် ရှေ့တွင်လဲလျက်နေသည်ကိုတွေ့ရှိရလေသည်။-
ထိုနောက်ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည် ဗိမာန်တော်အဝင်ဝမှ ထွက်ခွာ၍သတ္တဝါတို့၏အထက်သို့ရွေ့ လျားသွားတော်မူ၏။-
ထာဝရဘုရား၏တောက်ပသောအသရေ တော်သည် ထိုသတ္တဝါများမှအထက်သို့လျှံ တက်ပြီးလျှင် ဗိမာန်တော်အဝင်ဝသို့ရွေ့ လျား၏။ ထိုနောက်ဗိမာန်တော်သည်မိုးတိမ် များဖြင့်ပြည့်သဖြင့် တံတိုင်းသည်ဘုရားသခင်၏ဘုန်းအသရေဖြင့်ထွန်းတောက် လျက်နေ၏။-
အရုဏ်တက်ချိန်၌အမျိုးသမီးသည်လာ၍ မိမိ၏ခင်ပွန်းရှိရာအဖိုးအို၏အိမ်တံခါးဝ ၌လဲကျသွားတော့၏။ သူသည်မိုးလင်းချိန်၌ လည်းထိုနေရာတွင်ပင်ရှိနေသေး၏။-
သူက``ထလော့၊ ငါတို့သွားကြစို့'' ဟုဆိုသော် လည်းမည်သည့်အဖြေကိုမျှမရချေ။ သို့ ဖြစ်၍သူသည်သူငယ်မ၏ရုပ်အလောင်း ကိုမြည်းပေါ်တွင်တင်၍အိမ်သို့ပြန်လေ၏။-