Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 19:24

Common Language Bible

ဤ​မှာ​သူ​၏​မယား​ငယ်​နှင့်​ငါ့​ကိုယ်​ပိုင်​သ​မီး အ​ပျို​စင်​ရှိ​ပါ​၏။ သူ​တို့​အား​ယ​ခု​ငါ​ထုတ် ပေး​ပါ​မည်။ သင်​တို့​အ​လို​ရှိ​သ​လို​ပြု​ကျင့် ကြ​ပါ။ သို့​ရာ​တွင်​ငါ​၏​ဧည့်​သည်​ကို​မူ​ဤ မျှ​ဆိုး​သွမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်'' ဟု​တောင်း​ပန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​၌​အ​ပျို​စင်​သ​မီး​နှစ်​ယောက်​ရှိ​ပါ​၏။ ထို​သ​မီး​တို့​ကို​သင်​တို့​ပြု​လို​သ​မျှ​အ​တိုင်း​ပြု​နိုင်​ရန် ထုတ်​ပေး​ပါ​မည်။ ဤ​သူ​တို့​ကို​ကား​ချမ်း​သာ​ပေး​ကြ​ပါ။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဧည့်​သည်​ဖြစ်​၍ သူ​တို့​အား​စောင့်​ရှောက်​ရန်​အ​ကျွန်ုပ်​မှာ​တာ​ဝန်​ရှိ​ပါ​သည်'' ဟု​တောင်း​ပန်​လေ​၏။

ထို​ဒေ​သ​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး​သား ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင် လျှင်​အ​ဋ္ဌမ္မ​သိမ်း​ပိုက်​၍​မ​တ​ရား​ပြု​ကျင့် လေ​၏။-

``အ​ကောင်း​ကို​ဖြစ်​ပွား​စေ​ရန်​အ​ဆိုး​ကို​ငါ တို့​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ရ​မည်​လော။ ဤ​ကဲ့ သို့​ပင်​ငါ​ပြော​ဆို​သည်​ဟူ​၍​လူ​အ​ချို့​က ပြစ်​တင်​စွပ်​စွဲ​ကာ​ငါ့​အား​စော်​ကား​ကြ​လေ ပြီ။ ထို​သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​သည်​အ​တိုင်း​အ​မှန်​ပင်​ခံ​ရ​ကြ လိမ့်​မည်။

ထို့​နောက်​သင်​သည်​သူ့​ကို​မ​ယား​အ​ဖြစ်​သိမ်း ပိုက်​နိုင်​သည်။ နောင်​အ​ခါ​သူ​နှင့်​မ​ပေါင်း​သင်း လို​လျှင် လွတ်​လပ်​စွာ​သွား​ခွင့်​ပြု​ရ​မည်။ သင် သည်​သူ့​အား​မ​ယား​အ​ဖြစ်​အ​တင်း​အ​ဋ္ဌမ္မ သိမ်း​ပိုက်​ခဲ့​သည်​ဖြစ်​သော​ကြောင့် ကျွန်​အ​ဖြစ် မ​စေ​စား​ရ။ ငွေ​နှင့်​လည်း​မ​ရောင်း​ရ။''

သို့​ရာ​တွင်​ထို​သူ​တို့​သည်​သူ​၏​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့် လေ​ဝိ​အ​မျိုး​သား သည်​မိ​မိ​၏​မ​ယား​ငယ်​ကို​ထုတ်​၍ သူ​တို့ အား​အပ်​လိုက်​သ​ဖြင့်​သူ​တို့​သည်​ထို​အ​မျိုး သ​မီး​အား တစ်​ည​လုံး​ရက်​စက်​ကြမ်း​ကြုတ် စွာ​ပြု​ပြီး​နောက်​မိုး​သောက်​မှ​လွှတ်​လိုက် ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ