သူကြီး 19:22Common Language Bibleယင်းသို့သူတို့ပျော်မွေ့လျက်နေကြစဉ် ထို မြို့ကအဋ္ဌမ္မသားအချို့တို့သည်အိမ်ကို ဝိုင်းရံထားပြီးနောက်တံခါးကိုထုရိုက် ကြ၏။ အဖိုးအိုအားလည်း``သင်နှင့်အတူ လိုက်လာသူကိုခေါ်ထုတ်ပေးပါ။ ငါတို့ သူနှင့်ကာမရာဂဆက်ဆံလိုပါသည်'' ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။