သူကြီး 19:2Common Language Bibleသို့ရာတွင်ထိုသူငယ်မသည်ခင်ပွန်းနှင့် စိတ်ဆိုးသဖြင့် ဗက်လင်မြို့ရှိသူ့ဖခင်၏ အိမ်သို့ပြန်ပြီးလျှင်ထိုအိမ်တွင်လေးလ မျှနေလေသည်။- အခန်းကိုကြည့်ပါ။ |
မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
ထိုအခါလင်ဖြစ်သူသည်သူ့အားချော့မော့၍ မိမိထံပြန်လာရန်ကြိုးစားမည်ဟုဆုံးဖြတ် ကာ မိမိနှင့်အတူမြည်းနှစ်ကောင်နှင့်အစေခံ ကိုပါခေါ်၍သွား၏။ သူငယ်မသည်လေဝိ အမျိုးသားအားအိမ်ထဲသို့ဝင်ရန်ဖိတ်ခေါ် လိုက်ရာဖခင်ဖြစ်သူသည် သူ့ကိုမြင်လျှင် ဝမ်းမြောက်စွာကြိုဆိုလက်ခံလေသည်။-