Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 19:10

Common Language Bible

သို့​ရာ​တွင်​လေဝိ​အ​မျိုး​သား​သည်​နောက်​တစ် ည​မ​နေ​လို​တော့​သ​ဖြင့် ကုန်း​နှီး​တင်​ထား သည့်​မြည်း​နှစ်​စီး​ပါ​လျက် မိ​မိ​မ​ယား​ငယ် နှင့်​အ​တူ​စ​တင်​ခ​ရီး​ထွက်​လေ​၏။ သူ​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော​ယေ​ဗုတ် မြို့​သို့​ရောက်​သော​အ​ခါ နေ့​အ​ချိန်​ကုန်​လွန် ခါ​နီး​လေ​ပြီ။ ထို့​ကြောင့်​အ​စေ​ခံ​က​မိ​မိ ၏​သ​ခင်​အား``ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​မြို့​၌​ပင်​အ​ကျွန်ုပ်​တို့​အိပ်​ကြ ရ​အောင်'' ဟု​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက် သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ထိုင်​သူ​ယေ​ဗု​သိ အ​မျိုး​သား​တို့​က ထို​မြို့​ကို​ဒါ​ဝိဒ်​သိမ်း​ယူ နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​မ​ဝင်​နိုင်​အောင်​မျက် မ​မြင်​များ​နှင့်​ခြေ​ဆွံ့​သူ​များ​ပင်​ဆီး​တား နိုင်​ပါ​၏'' ဟု​ဆို​ကြ​၏။-

ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ တွင်​နေ​ထိုင်​သော​ယေ​ဗု​သိ​အ​မျိုး​သား​တို့ ကို​နှင်​မ​ထုတ်​နိုင်​သ​ဖြင့် သူ​တို့​သည်​ယ​နေ့ တိုင်​ယုဒ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​ထို​မြို့ တွင်​နေ​ထိုင်​ကြ​လေ​သည်။

ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏​မြို့​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​တည်​ရာ တောင်​ကုန်း​တောင် ဘက်​ရှိ​ဟိန္နုန်​ချိုင့်​ဝှမ်း​အ​နောက်​ဘက်​တောင် ကုန်း​ကို​ကျော်​ဖြတ်​သွား​၏။-

ဇေ​လ​မြို့၊ ဧ​လပ်​မြို့၊ ယေ​ဗု​သိ​မြို့၊​(သို့​မ ဟုတ်​ယေ​ရု​ရှ​လင်မြို့၊) ဂိ​ဗတ်​မြို့၊ ကိ​ရ​ယတ် ယာ​ရိမ်​မြို့​စ​သော​မြို့​ကြီး​တစ်​ဆယ်​လေး မြို့​နှင့်​ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ လည်း​ပါ​ဝင်​သည်။ ဤ​နယ်​မြေ​သည်​ဗင်္ယာ​မိန် အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော​နယ်​မြေ​ဖြစ် သည်။

ယု​ဒ​အ​နွယ်​ဝင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​၏။ မြို့​သား​တို့​ကို သတ်​၍​မြို့​ကို​မီး​ရှို့​ကြ​လေ​သည်။-

သူ​သည်​မိ​မိ​၏​မယား​ငယ်​နှင့်​အ​စေ​ခံ​ကို ခေါ်​၍ ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​ယောက္ခ​မ က``ကြည့်​ပါ​ည​နေ​ချမ်း​အ​ချိန်​သို့​ရောက် လေ​ပြီ။ မ​ကြာ​မီ​ပင်​မှောင်​လာ​တော့​အံ့။ ဤ အ​ရပ်​၌​ပင်​တစ်​ည​အိပ်​၍​ပျော်​မွေ့​စွာ​နေ ပါ​လော့။ နက်​ဖြန်​နံ​နက်​စော​စော​ထ​၍​ပြန် ပါ​လော့'' ဟု​ဆို​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ