ဟစ်ခေါ်ကြ၏။ သူတို့သည်လည်းလှည့်၍ကြည့် ပြီးလျှင် မိက္ခာအား``သင်တို့တွင်အဘယ်အရေး အခင်းရှိသနည်း။ ဤလူထုနှင့်အဘယ်ကြောင့် လိုက်လာကြသနည်း'' ဟုမေး၏။
ဘုရားသခင်သည်သားငယ်ငိုသံကိုကြား တော်မူ၏။ ထိုကြောင့်ဘုရားသခင်၏ကောင်းကင် တမန်သည်ကောင်းကင်မှ``ဟာဂရ၊ သင်သည် အဘယ်ကြောင့်စိတ်ပူပန်ရသနည်း။ မစိုးရိမ် နှင့်။ ဘုရားသခင်သည်သား၏ငိုသံကိုကြား တော်မူပြီ။-
မင်းကြီးက``သင်သည်အဘယ်အရာကို အလိုရှိသနည်း'' ဟုမေးတော်မူလျှင်၊ အမျိုးသမီးက``ကျွန်တော်မသည်ဆင်းရဲ သူမုဆိုးမဖြစ်ပါ၏။ ကျွန်တော်မ၏ခင်ပွန်း သည်သေပါပြီ။-
သင်၏အခက်အခဲကားအဘယ်သို့နည်း'' ဟုမေးတော်မူ၏။ အမျိုးသမီးက``ဤမိန်းမသည်ယမန်နေ့က`သင် ၏သားကိုငါတို့ယနေ့စားကြပြီးလျှင် နောက် တစ်နေ့၌ငါ၏သားကိုစားကြပါမည်' ဟု ကျွန်တော်မအားပြောပါ၏။-
အချင်းပင်လယ်၊သင်သည်အဘယ်ကြောင့် ထွက်ပြေးပါသနည်း။ အချင်းယော်ဒန်မြစ်၊သင်သည်အဘယ်ကြောင့် မစီးဘဲရပ်တန့်ပါသနည်း။
ဤဗျာဒိတ်တော်သည်ဗျာဒိတ်ရူပါရုံချိုင့် ဝှမ်းနှင့် သက်ဆိုင်သည့်ဗျာဒိတ်တော်ဖြစ်၏။ မြို့သူမြို့သားအပေါင်းတို့သည်အဘယ်ကြောင့် မိမိတို့အိမ်ခေါင်မိုးများအပေါ်တွင်ပွဲလမ်း သဘင်ဆင်ယင်ကျင်းပနေကြပါသနည်း။ အဘယ်အမှုအရာဖြစ်ပျက်လျက်ရှိပါ သနည်း။-
ထိုသူတို့အတန်ငယ်ခရီးရောက်သောအခါ မိက္ခာသည် မိမိ၏အိမ်နီးချင်းတို့တိုက်ပွဲဝင် ရန်စုရုံးလေသည်။ သူတို့သည်ဒန်အမျိုး သားတို့အားလိုက်၍မီသောအခါ၊-
မိက္ခာကလည်း`` `အဘယ်အရေးအခင်းရှိ သနည်း' ဟုဆိုရာ၌သင်တို့အဘယ်သို့ဆို လိုပါသနည်း။ သင်တို့သည်ငါ၏ယဇ်ပုရော ဟိတ်နှင့် ငါထုလုပ်ထားသောရုပ်တုတို့ကို ယူသွားကြပါသည်တကား။ ငါ၌အဘယ် အရာကျန်ရှိသေးသနည်း'' ဟုပြန်ပြော လေ၏။
ထိုအချိန်၌ရှောလုသည်မိမိ၏နွားများ နှင့်အတူ လယ်တောမှပြန်လည်ရောက်ရှိလာ ကာ``အကြောင်းကားအဘယ်သို့နည်း။ လူ အပေါင်းတို့သည်အဘယ်ကြောင့်ငိုကြွေး နေကြပါသနည်း'' ဟုမေး၏။ လူတို့သည် ယာဗက်မြို့မှစေတမန်တို့ယူဆောင်လာ သောသတင်းကိုသူ့အားပြောကြားကြ၏။-