သူကြီး 18:2Common Language Bibleဒန်အမျိုးသားတို့သည်နယ်မြေကိုစူးစမ်း ရှာဖွေရန် မိမိတို့အနွယ်ဝင်အိမ်ထောင်စု အပေါင်းမှ အရည်အချင်းရှိသူလူငါး ယောက်ကိုရွေးချယ်၍ဇောရာမြို့နှင့်ဧရှ တောလမြို့တို့မှစေလွှတ်လိုက်ကြ၏။ ထို သူတို့သည်တောင်ကုန်းဒေသဖြစ်သော ဧဖရိမ်ပြည်သို့ရောက်လာသောအခါ မိက္ခာ၏အိမ်တွင်တည်းခိုကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။-
ရှံဆုန်၏ညီများနှင့်အခြားအိမ်ထောင်စု သားတို့သည် လာရောက်၍သူ၏ရုပ်အလောင်း ကိုယူပြီးလျှင် ဇောရာမြို့နှင့်ဧရှတောလ မြို့စပ်ကြားရှိဖခင်ဖြစ်သူမာနော်၏သင်္ချိုင်း ဂူတွင်သင်္ဂြိုဟ်ကြ၏။ သူသည်နှစ်ပေါင်းနှစ် ဆယ်တိုင်တိုင်ဣသရေလလူမျိုး၏ခေါင်း ဆောင်ဖြစ်ခဲ့သတည်း။