သူကြီး 18:17Common Language Bibleထောက်လှမ်းရန်သွားရောက်ခဲ့သောလူငါး ယောက်တို့သည် အိမ်ထဲသို့ဝင်၍ငွေဖြင့်မွမ်း မံထားသည့်ရုပ်တုနှင့်အခြားရုပ်တုများကို လည်းကောင်း၊ သင်တိုင်းတော်ကိုလည်းကောင်းယူ ကြ၏။ ထိုအချိန်၌ယဇ်ပုရောဟိတ်သည်စစ် သားခြောက်ရာနှင့်အတူဝင်းတံခါးဝတွင် ရှိသတည်း။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ထိုဘုရားကိုပခုံးထက်တွင် ထမ်း၍ ဆောင်ယူကာနေရာချထား၏။ ဘုရားသည်လည်းမိမိတည်ရှိသည့် နေရာမှ မရွေ့မလျားနိုင်ရပ်လျက်သာနေ၏။ အကယ်၍သူ့အားတစ်စုံတစ်ယောက်သော သူက ဆုတောင်းပတ္ထနာပြုပါမူသူသည်အဖြေ မပေးနိုင်။ ထိုသူ့အားဘေးအန္တရာယ်မှလည်းမကယ်နိုင်။
ထိုအခါလဲရှနယ်သို့သွားရောက်စူးစမ်း ထောက်လှမ်းခဲ့သောလူငါးယောက်တို့က မိမိ တို့၏အပေါင်းအဖော်များအား``ဤအိမ်စု အနက်အိမ်တစ်လုံးတွင်ငွေဖြင့်မွမ်းမံထား သည့်ရုပ်တုတစ်ခုရှိသည်ကို သင်တို့သိကြ ပါ၏လော။ ထိုအိမ်တွင်အခြားရုပ်တုများ နှင့်သင်တိုင်းတော်တစ်ခုလည်းရှိ၏။ ငါတို့ အဘယ်သို့ပြုသင့်သည်ဟုသင်တို့ထင် မြင်ကြပါသနည်း'' ဟုမေး၏။-
ဒန်အမျိုးသားတို့သည်နယ်မြေကိုစူးစမ်း ရှာဖွေရန် မိမိတို့အနွယ်ဝင်အိမ်ထောင်စု အပေါင်းမှ အရည်အချင်းရှိသူလူငါး ယောက်ကိုရွေးချယ်၍ဇောရာမြို့နှင့်ဧရှ တောလမြို့တို့မှစေလွှတ်လိုက်ကြ၏။ ထို သူတို့သည်တောင်ကုန်းဒေသဖြစ်သော ဧဖရိမ်ပြည်သို့ရောက်လာသောအခါ မိက္ခာ၏အိမ်တွင်တည်းခိုကြ၏။-
ယောရှသည်မိမိထံသို့လာရောက်တောင်းဆို သူအပေါင်းတို့အား``သင်တို့သည်ဗာလကိုယ် စားရှေ့နေလိုက်နေကြပါသလော။ သူ၏ အတွက်အကွယ်အကာပေးနေကြပါသ လော။ သူ့အတွက်ရှေ့နေလိုက်သူမှန်သမျှ သည်နံနက်ချိန်မလွန်မီအသတ်ခံရမည်။ အကယ်၍ဗာလသည်ဘုရားဖြစ်ပါမူ မိမိ ကိုယ်ကိုမိမိကာကွယ်ပါလေစေ။ ဖြိုချခြင်း ခံရသည်မှာသူ၏ယဇ်ပလ္လင်ဖြစ်ပါ၏'' ဟုပြောလေသည်။-