Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 18:10

Common Language Bible

ထို​အ​ရပ်​သို့​သင်​တို့​ရောက်​ကြ​သော​အ​ခါ လူ​တို့​သည် စိုး​စဉ်း​မျှ​မ​ယုံ​သင်္ကာ​မ​ဖြစ်​ကြ သည်​ကို​တွေ့​ရှိ​ရ​ကြ​လိမ့်​မည်။ ထို​နယ်​မြေ သည်​ကျယ်​ပြန့်​၍​လူ​သား​တို့​လို​ချင်​တောင့် တ​သော​အ​ရာ​တို့​နှင့်​လည်း​ပြည့်​စုံ​၏။ ထို နယ်​မြေ​ကို​သင်​တို့​အား​ဘု​ရား​သ​ခင်​ပေး သ​နား​တော်​မူ​လေ​ပြီ'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​တွင်း​မှ​သူ​တို့ အား​ကယ်​တင်​ပြီး​လျှင် ထို​ပြည်​မှ​ထုတ်​ဆောင် လျက်​မြေ​သြ​ဇာ​ထက်​သန်​၍​ကျယ်​ပြန့်​သော ပြည်​သို့​ပို့​ဆောင်​ရန်​ငါ​ကြွ​ဆင်း​လာ​ပြီ။ ထို ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ စာ​ပေါ​ကြွယ်​ဝ​၏။ ထို​ပြည်​တွင်​ခါ​နာန်​အ​မျိုး သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင်​ကြ​၏။-

သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ကာ သူ​တို့​အ​တွက်​ရွေး​ချယ်​ထား​သော​ပြည်​သို့ ခေါ်​ယူ​သွား​မည်​ဟု ငါ​က​တိ​ပေး​ကျိန်​ဆို ခဲ့​သည်​မှာ​ထို​အ​ခါ​က​ဖြစ်​၏။ ထို​ပြည်​ကား နို့​နှင့်​ပျား​ရည်​စီး​ဆင်း​နေ​၍​ပေါ​များ​သော ပြည်၊ အ​သာ​ယာ​ဆုံး​သော​ပြည်​ဖြစ်​၏။-

ထို့​နောက်​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​အား​ငါ​သွန်​သင်​သော​ပညတ် တို့​ကို​လိုက်​နာ​လျှင် သင်​တို့​သည်​အ​သက်​ရှင်​၍ သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ကို​လည်း​သိမ်း ပိုက်​ရ​ရှိ​ကြ​လိမ့်​မည်။-

လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​တို့​အား မာန်​မာ​န​မ​ထား​ကြ​ရန်​သ​တိ​ပေး​လော့။ သူ​တို့​သည်​မ​တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း သာ​ကို​မ​မျှော်​ကိုး​ဘဲ၊ ငါ​တို့​ခံ​စား​နိုင်​စေ ရန်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ရက်​ရော​စွာ ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​မျှော် ကိုး​ရ​ကြ​မည်။-

ထို​နောက်​သူ​လျှို​နှစ်​ဦး​တို့​သည်​တောင်​ကုန်း များ​ပေါ်​မှ​ဆင်း​ပြီး​လျှင်​မြစ်​ကို​ဖြတ်​ကူး​၍ ယော​ရှု​ထံ​သို့​ပြန်​လာ​ကြ​၏။ သူ​တို့​သည် ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​ယော​ရှု​အား​ပြန် ကြား​ပြီး​လျှင်၊-

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ထို​ပြည်​တစ်​ပြည်​လုံး​ကို​မု​ချ​ပေး​တော်​မူ ပြီ။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ကြောက်​လန့်​လျက်​ရှိ​ကြ ပါ​သည်'' ဟု​ဆို​ကြ​၏။

မြို့​ကို​သတ္တ​မ​အ​ကြိမ်​လှည့်​ပတ်​နေ​စဉ်​ယဇ် ပု​ရော​ဟိတ်​များ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​အံ့ ဆဲ​ဆဲ​၌​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဟစ် အော်​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​မြို့​ကို​အပ်​တော်​မူ​ပြီ။-

သို့​ဖြစ်​၍​ဒန်​အ​နွယ်​ဝင်​လူ​ပေါင်း​ခြောက်​ရာ တို့​သည် တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​လျက် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ​မြို့​တို့​မှ​ထွက်​ခွာ သွား​လေ​သည်။-

ဒန်​အ​မျိုး​သား​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့် တ​ကွ​မိက္ခာ​ပြု​လုပ်​ထား​သည့်​ရုပ်​တု​များ​ကို ယူ​ပြီး​နောက် အေး​ဆေး​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ကြ​သူ​တို့​၏​လဲ​ရှ​မြို့​သို့​သွား​ရောက်​တိုက် ခိုက်​ကြ​၏။ ထို​မြို့​သည်​ဗက်​ရ​ဟော​ဘ​မြို့ တည်​ရှိ​ရာ​ချိုင့်​ဝှမ်း​၌​ပင်​တည်​ရှိ​သည်။ သူ တို့​သည်​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို​လည်း မီး​ရှို့​ပစ်​ကြ​၏။ သူ​တို့​အား​ကယ်​ဆယ်​သည့် သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ချေ။ အ​ဘယ် ကြောင့်​ဆို​သော်​လဲ​ရှ​မြို့​သည်​ဇိ​ဒုန်​မြို့​နှင့် အ​လွန်​ခ​ရီး​လှမ်း​သည့်​ပြင် လဲ​ရှ​မြို့​သား တို့​သည်​အ​ခြား​လူ​တို့​နှင့်​ဆက်​သွယ်​မှု လုံး​ဝ​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။ ဒန်​အ​မျိုး သား​တို့​သည်​ထို​မြို့​ကို​ပြန်​လည်​တည် ထောင်​ကာ​အ​တည်​တ​ကျ​နေ​ထိုင်​ကြ လေ​သည်။-

ထို့​ကြောင့်​ထို​လူ​ငါး​ယောက်​တို့​သည်​လဲ​ရှ မြို့​သို့​ထွက်​သွား​ကြ​၏။ ထို​မြို့​သား​တို့​သည် ဇိ​ဒုန်​မြို့​သား​များ​ကဲ့​သို့ အေး​ဆေး​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြောင်း၊ မည်​သူ နှင့်​မျှ​အ​ငြင်း​မ​ပွား​တတ်​ကြောင်း၊ သူ​တို့ လို​အပ်​သ​မျှ​တို့​ကို​လည်း​ရ​ရှိ​ကြ​ကြောင်း၊ သူ​တို့​သည်​ဇိ​ဒုန်​မြို့​သား​တို့​နှင့်​အ​လွန် အ​လှမ်း​ကွာ​ရာ​တွင်​နေ​ထိုင်​ကြ​လျက် အ​ခြား​အ​ဘယ်​လူ​မျိုး​နှင့်​မျှ​လည်း အ​ဆက်​အ​သွယ်​မ​ရှိ​ကြ​ကြောင်း​ကို စူး​စမ်း​သိ​ရှိ​ကြ​လေ​သည်။-

သူ​တို့​က​လည်း``လာ​ကြ၊ လဲ​ရှ​မြို့​ကို​ငါ တို့​သွား​ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထို နယ်​မြေ​သည်​အ​လွန်​ကောင်း​မွန်​ကြောင်း ကို​ငါ​တို့​တွေ့​မြင်​ခဲ့​ရ​ပြီ။ ဤ​အ​ရပ်​တွင် ဆိုင်း​လင့်​၍​နေ​ကြ​မည်​လော။ အ​လျင် အ​မြန်​ထို​နယ်​မြေ​ကို​ဝင်​ရောက်​သိမ်း​ယူ ကြ​ကုန်​အံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ