သူကြီး 17:2Common Language Bibleသူသည်မိမိ၏မိခင်အား``မိခင်၏ငွေတစ်ဆယ့် တစ်ပိဿာပျောက်ဆုံးသွားစဉ်အခါကခိုး ယူသူအား မိခင်ကျိန်ဆဲခဲ့သည်ကိုကျွန်တော် ကြားရပါသည်။ ထိုငွေသည်ကျွန်တော့်မှာ ရှိပါသည်။ ကျွန်တော်ယူမိပါသည်'' ဟု ပြောလေသည်။ သူ၏မိခင်ကလည်း``ငါ့သား၊ ထာဝရဘုရား သည်သင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုဆို၏။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ငါသည်ထိုအမျိုးသားတို့အား ပြစ်တင်ကျိန်ဆဲရိုက်နှက်၏။ သူတို့ဆံပင် ကိုလည်းဆွဲနုတ်၏။ ထိုနောက်``အကျွန်ုပ်တို့ သည်လည်းကောင်း၊ အကျွန်ုပ်တို့၏သားသမီး များသည်လည်းကောင်း နောင်အဘယ်အခါ ၌မျှလူမျိုးခြားများနှင့်အိမ်ထောင်မပြု တော့ပါ'' ဟုသူတို့အားဘုရားသခင်၏ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုကတိ ပြုစေ၏။-
သူသည်ထိုငွေကိုမိခင်အားပြန်၍ပေး၏။ ထို အခါမိခင်ဖြစ်သူက``ငါ့သား၊ ကျိန်စာ မသင့်စိမ့်သောငှာငါကိုယ်တိုင်ပင်ထိုငွေကို ထာဝရဘုရားအားပေးလှူဆက်ကပ်မည်။ ငွေဖြင့်မွမ်းမံထားသည့်သစ်သားရုပ်တု တစ်ခုကိုပြုလုပ်ရာတွင် ထိုငွေကိုအသုံး ပြုမည်ဖြစ်၍သင့်အားပြန်ပေးမည်'' ဟုဆို၏။-
ဗောဇကလည်း``သင့်ကိုထာဝရဘုရား ကောင်းချီးပေးတော်မူပါစေ။ ယခုသင်ပြု သောအမှုသည် ယခင်ကသင့်ယောက္ခမအား ပြုခဲ့သည့်အမှုထက်ပင်ပို၍ သင်၏သစ္စာရှိ မှုကိုပေါ်လွင်စေပါ၏။ သင်သည်ဆင်းရဲသူ သို့မဟုတ်ချမ်းသာသူ လူပျိုလူရွယ်တစ်စုံ တစ်ယောက်ကိုရှာနိုင်သော်လည်းမရှာခဲ့ပါ။-
အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-