သူကြီး 17:10Common Language Bibleမိက္ခာကလည်း``အကျွန်ုပ်နှင့်အတူနေပါလော့။ အကျွန်ုပ်အားအကြံဉာဏ်ပေးသူ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ်အဖြစ်ဖြင့်နေပါလော့။ သင့် အားတစ်နှစ်လျှင်ငွေဒင်္ဂါးတစ်ဆယ်နှင့်ဝတ်စုံ ကိုလည်းကောင်း၊ အစားအစာကိုလည်းကောင်း အကျွန်ုပ်ထောက်ပံ့ပါမည်'' ဟုဆိုလေသော်၊- အခန်းကိုကြည့်ပါ။ |
ပရောဖက်ဧလိရှဲသည်ဝေဒနာစွဲ၍နေ၏။ သူ သည်အိပ်ရာပေါ်တွင်လဲလျက်သေအံ့ဆဲဆဲ ဖြစ်နေချိန်၌ ဣသရေလဘုရင်ယဟောရှ သည် သူ့အားကြည့်ရှုရန်လာရောက်ပြီးလျှင်``အ ကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏အဖ၊ အရှင်သည် ကြီးမားသောတန်ခိုးစွမ်းအင်ဖြင့် ဣသရေလ ပြည်ကိုကာကွယ်သူဖြစ်ပါသည်တကား'' ဟု ငိုကြွေး၏။
ဧလိရှဲသည်ထိုအခြင်းအရာကိုမြင်သဖြင့် ဧလိယအား``အို အကျွန်ုပ်၏အဖ၊ အို အကျွန်ုပ် ၏အဖ၊ တန်ခိုးကြီးမား၍ဣသရေလအမျိုး သားတို့ဘက်မှခုခံကာကွယ်သောအရှင်၊ ကိုယ် တော်သည်ထွက်ခွာသွားတော်မူပါပြီတကား'' ဟုဟစ်အော်၍ပြော၏။ ထိုနောက်သူသည်ဧလိယ ကိုတစ်ဖန်ပြန်၍မတွေ့မမြင်ရတော့ချေ။ ဧလိရှဲသည်ကြေကွဲဝမ်းနည်းသဖြင့် မိမိ၏ ဝတ်လုံကိုနှစ်ခြမ်းဆုတ်ဖြဲလိုက်၏။-
မုယောဆန်လက်ဆုပ်အနည်းငယ်နှင့်မုန့် အနည်းငယ်ရရန်အတွက် ငါ၏လူမျိုး တော်ရှေ့တွင်ငါ့အားရှုတ်ချကြ၏။ သင် တို့သည်မသေထိုက်သူတို့ကိုသတ်၍ သေ ထိုက်သူတို့ကိုမူအသက်ချမ်းသာပေးကြ ၏။ သို့ဖြစ်၍သင်တို့သည်ငါ၏လူမျိုး တော်အားလိမ်လည်ပြောကြ၏။ သူတို့ ကလည်းယုံကြ၏'' ဟူ၍တည်း။
သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။-
အသက်မသေဘဲကျန်ရစ်သည့်သင်၏သားမြေး မှန်သမျှသည် ထိုယဇ်ပုရောဟိတ်ထံသို့သွား ရောက်၍ ကြေးငွေနှင့်အစားအစာတို့ကိုအသ နားခံရကြလိမ့်မည်။ သူတို့သည်အစားအစာ ရရှိရေးအတွက် ယဇ်ပုရောဟိတ်များအမှု ဆောင်ရာ၌ပါဝင်ကူညီခွင့်ရရှိရန်တောင်း ပန်အသနားခံရကြလိမ့်မည်။