Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 16:28

Common Language Bible

ထို​အ​ခါ​ရှံ​ဆုန်​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​မျက်​စိ​နှစ်​လုံး​ကို ဖောက်​ပစ်​သည့်​အ​တွက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ အား​တစ်​ချက်​တည်း​ဖြင့်​လက်​စား​ချေ​နိုင်​ရန် အ​ကျွန်ုပ်​အား​ဤ​တစ်​ကြိမ်​သာ​လျှင်​ခွန်​အား ကို​ပြန်​လည်​ရ​ရှိ​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​တော်​မူ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​ယ​ခု​တိုက်​ခိုက်​ရန်​ရောက် ရှိ​လာ​သော​တပ်​မ​တော်​ကြီး​၏​ရှေ့​တွင်​ခို​ကိုး​ရာ မဲ့​ဖြစ်​လျက်​နေ​ကြ​ပါ​၏။ အ​ဘယ်​သို့​ပြု​ရ​မည် ကို​အ​ကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သို့​ရာ​တွင်​ကူ​မ တော်​မူ​ရန်​အ​ထံ​တော်​သို့​မျှော်​ကြည့်​ကြ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော် မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ ထို​ယုတ်​မာ​သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ​ပါ။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။

ထို​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တောင်း​ပန် ပါ​၏။ ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ'' ဟု ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့​ငါ​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။

ကျွန်​တော်​မျိုး​အ​ပေါ်​၌​ထား​ရှိ​သော​မေတ္တာ တော်​ကို ထောက်​၍​ရန်​သူ​များ​အား​ကွပ်​မျက်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် ကျွန်​တော်​မျိုး​ကို​ဖိ​နှိပ်​ညှဉ်း​ဆဲ​သူ​အ​ပေါင်း တို့​ကို သုတ်​သင်​တော်​မူ​ပါ။

ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​ငါ့​ကို​ခေါ်​သော​အ​ခါ​ငါ​ထူး​မည်။ သူ​တို့​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​နှင့်​အ​တူ ငါ​ရှိ​မည်။ ငါ​သည်​သူ​တို့​အား​ကယ်​ဆယ်​၍​ချီး​မြှင့်​မည်။

ထို​အ​ခါ​ငါ​က``ကိုယ်​တော်​ရှင်​သိ​ရှိ​နား​လည် တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ကို​အောက်​မေ့ သတိ​ရ​၍​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို ညှင်း​ဆဲ​နှိပ်​စက်​သူ​တို့​အား​လက်​စား​ချေ​ရ သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ သူ​တို့​သည် ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​ကြ​သည့်​တိုင် အောင်​သည်း​ခံ​လျက်​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​အ​စော်​ကား​ခံ​ရ​သည်​မှာ ကိုယ်​တော်​ရှင်​၏​အ​တွက်​ကြောင့်​ဖြစ်​သည် ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။-

အ​ကျွန်ုပ်​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ထံ​တော်​သို့​ဆု​တောင်း​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​မှ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​သံ​ကို​ကြား​တော်​မူ​ပါ​၏။

ကြေး​ပန်း​ထိမ်​ဆ​ရာ​အာ​လေ​ဇန္ဒြု​သည်​ငါ့​အား များ​စွာ​မ​ကောင်း​ကျိုး​ပေး​ခဲ့​၏။ သူ​ပြု​သည့်​အ​မှု အ​တွက်​သ​ခင်​ဘု​ရား​သည်​သူ့​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လိမ့်​မည်။-

ဆက်​လက်​ဖော်​ပြ​ရန်​လို​သေး​သ​လော။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​နှင့် ပ​ရော​ဖက်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရန် အ​ချိန်​လောက်​မည်​မ​ဟုတ်။-

ထို​ဝိ​ညာဉ်​များ​က``သန့်​ရှင်း​မြင့်​မြတ်​ဖြောင့်​မှန် တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်၊ အ​ကျွန်ုပ်​တို့​အား သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​တ​ရား စီ​ရင်​အ​ပြစ်​ဒဏ်​မ​ပေး​ဘဲ​နေ​တော်​မူ​မည် နည်း'' ဟု​အ​သံ​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။-

ထို​နောက်​ရှံ​ဆုန်​သည်​အ​လွန်​ရေ​ငတ်​၍​လာ​သ ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့``ဤ​အောင်​ပွဲ​ကြီး ကို​အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​တော်​မူ​ခဲ့​ပါ ပြီ။ ယ​ခု​အ​ကျွန်ုပ်​သည်​ရေ​ငတ်​၍​သေ​ရ​ပါ တော့​မည်​လော။ ဘု​ရား​မဲ့​သူ​ဤ​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​ပါ​တော့​မည် လော'' ဟု​ဆု​တောင်း​၏။-

ထို​မဏ္ဍပ်​သည်​အ​မျိုး​သား​အ​မျိုး​သ​မီး​များ နှင့်​ပြည့်​လျှံ​လျက်​ရှိ​၏။ ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​သည်​လည်း​ထို​မဏ္ဍပ်​တွင်​ရှိ​ကြ​၏။ အ​မျိုး သား​အ​မျိုး​သ​မီး​စု​စု​ပေါင်း​သုံး​ထောင်​ခန့် သည် မဏ္ဍပ်​အ​မိုး​ပေါ်​မှ​ရှံ​ဆုန်​ဖျော်​ဖြေ​နေ သည်​ကို​ကြည့်​ရှု​လျက်​ရှိ​ကြ​၏။

ထို​နောက်​သူ​သည်​မဏ္ဍပ်​ဗ​ဟို​တိုင်​မ​ကြီး​နှစ်​ခု ကို လက်​တစ်​ဘက်​စီ​ဖြင့်​ကိုင်​၍​တွန်း​ပြီး​လျှင်၊-

အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​၏​ရန်​သူ အ​ပေါင်း​တို့​သည် ဤ​နည်း​အ​တိုင်း​ပင်​ဆုံး​ရှုံး​ပျက်​စီး​ကြ​ပါ စေ​သော။ သို့​ရာ​တွင်​ကိုယ်​တော်​၏​မိတ်​ဆွေ​များ​မှာ​မူ​ကား တက်​သစ်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ ကြ​ပါ​စေ​သော။ ထို​နောက်​ခါ​နာန်​ပြည်​တွင်​အ​နှစ်​လေး​ဆယ် တိုင်​တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ