Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 16:16

Common Language Bible

ဤ​သို့​လျှင်​သူ​သည်​ဆက်​လက်​၍​တစ်​နေ့​ပြီး တစ်​နေ့​မေး​မြန်း​လျက်​နေ​ရ​ကား ရှံ​ဆုန်​သည် ဒေ​လိ​လ​၏​ပူ​ဆာ​မှု​ကို​လွန်​စွာ​ငြီး​ငွေ့​လာ ပြီး​လျှင်​နောက်​ဆုံး​၌``ငါ​၏​ဆံ​ပင်​သည်​တစ် ကြိမ်​တစ်​ခါ​မျှ​မ​ရိတ်​မ​ဖြတ်​ရ​သေး။ ငါ သည်​လည်း​မွေး​စ​က​ပင်​လျှင်​နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ် ထား​သူ​ဖြစ်​သည်။ အ​ကယ်​၍​ငါ​၏​ဆံပင်​ကို ရိတ်​ဖြတ်​လိုက်​သည်​ရှိ​သော်​ငါ​သည်​ခွန်​အား ဆုတ်​ယုတ်​၍​သူ​တစ်​ပါး​နည်း​တူ​အား​နည်း ပေ​အံ့'' ဟု​အ​မှန်​အ​တိုင်း​ထုတ်​ဖော်​ပြော ဆို​လိုက်​တော့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က​ယော​န​အား``ကြက် ဆူ​ပင်​တစ်​ပင်​အ​တွက်​သင်​အ​မျက်​ထွက်​သင့် သ​လော'' ဟု​မေး​တော်​မူ​၏။ ယော​န​က``သေ​ချင်​အောင်​အ​မျက်​ထွက် ပါ​၏'' ဟု​လျှောက်​၏။

ကိုယ်​တော်​က ``ဤ​စ​ပျစ်​ရည်​ကား​လူ​အ​များ အ​တွက်​သွန်း​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​နှိပ်​သော​ငါ​၏​သွေး​ဖြစ်​၏။-

အိမ်​ရှင်​သည်​မိတ်​ဆွေ​တစ်​ဦး​အ​နေ​ဖြင့်​အိပ်​ရာ မှ​ထ​၍​သူ့​အား​မုန့်​များ​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။ သို့​သော်​လည်း​ထို​သူ​သည်​အ​ရှက်​အ​ကြောက် ကင်း​မဲ့​စွာ​ဆက်​လက်​တောင်း​ခံ​နေ​သော​ကြောင့် အိမ်​ရှင်​သည်​ထ​၍​လို​သ​မျှ​သော​မုန့်​များ ကို​ပေး​လိမ့်​မည်။-

သို့​သော်​လည်း​ဤ​မု​ဆိုး​မ​သည်​ငါ့​ကို​နှောင့်​ယှက် လှ​သည်​ဖြစ်​၍​သူ့​အား​တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ ရန် ငါ​သူ့​အ​မှု​ကို​စီ​ရင်​မည်။ သို့​မ​ဟုတ်​လျှင်​သူ သည်​ငါ့​ကို​ဆက်​လက်​နှောင့်​ယှက်​သ​ဖြင့်​နောက် ဆုံး​၌​ငါ့​အား​ပင်​ပန်း​စေ​မည်' ဟု​ဆို​လေ​၏။''

ထို့​ကြောင့်​ရှံ​ဆုန်​၏​ဇ​နီး​သည်​မျက်​ရည်​စက် လက်​နှင့်​သူ့​ထံ​သို့​သွား​၍``သင်​သည်​ကျွန်​မ ကို​ချစ်​သူ​မ​ဟုတ်။ မုန်း​သူ​သာ​ဖြစ်​သည်။ ကျွန်​မ အား​မ​ဖော်​ပြ​ဘဲ​ကျွန်​မ​၏​မိတ်​ဆွေ​များ​အား စ​ကား​ထာ​ဝှက်​ထား​လေ​ပြီ'' ဟု​ဆို​လေ​သည်။ ရှံ​ဆုန်​က​လည်း``ငါ​သည်​မိ​ဘ​တို့​ကို​ပင်​မ ဖော်​ပြ​ဘဲ သင့်​အား​ဖော်​ပြ​ရ​မည်​လော'' ဟု ပြန်​ပြော​၏။-

ထို​အ​မျိုး​သ​မီး​သည်​ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ပွဲ​ရက်​ခု​နစ်​ရက်​စ​လုံး​ပင်​ငို​ကြွေး​လျက်​နေ​၏။ သို့​ရာ​တွင်​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​သူ သည်​အ​လွန်​ပူ​ဆာ​သ​ဖြင့် ရှံ​ဆုန်​သည်​သူ့​အား စ​ကား​ထာ​ကို​ဖော်​ပြ​လိုက်​တော့​၏။ ထို​အ​ခါ သူ​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား ပြော​ပြ​လိုက်​လေ​သည်။-

သို့​ဖြစ်​၍​ဒေ​လိ​လ​က​သူ​အား``သင်​သည် ကျွန်​မ​ကို​တ​ကယ်​မ​ချစ်​ဘဲ​နှင့်​ချစ်​ပါ​သည် ဟု အ​ဘယ်​သို့​ပြော​နိုင်​ပါ​သ​နည်း။ ကျွန်​မ အား​သင်​အ​ရူး​လုပ်​ခဲ့​သည်​မှာ​သုံး​ကြိမ်​တိုင် တိုင်​ရှိ​လေ​ပြီ။ သင်​သည်​ယ​ခု​တိုင်​အောင်​ပင် မိ​မိ​အ​ဘယ်​ကြောင့်​သန်​စွမ်း​ရ​ကြောင်း​ကို ကျွန်​မ​အား​ပြော​မ​ပြ​သေး​ပါ​တ​ကား'' ဟု​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ