သူကြီး 16:13Common Language Bibleဒေလိလကရှံဆုန်အား``သင်သည်ကျွန်မအား မှန်ရာကိုမပြောဘဲအရူးလုပ်လျက်ပင်ရှိနေ ပါသေး၏။ သင့်အားအဘယ်သို့ချည်နှောင်ထား ရမည်ကိုကျွန်မအားပြောပါလော့'' ဟုဖြား ယောင်းပြောဆိုပြန်၏။ ရှံဆုန်က``ငါ၏ဆံပင်ခုနစ်စုကိုယက်ကန်း စင်ထဲသို့ယက်သွင်းကာ သပ်နှင့်ရိုက်၍ထား မည်ဆိုလျှင်ငါသည်အခြားသူများနည်း တူအားလျော့လိမ့်မည်'' ဟုပြော၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ဒေလိလသည်ကြိုးသစ်ကိုယူ ပြီးလျှင် သူ့အားချည်နှောင်လေသည်။ ထို နောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာနေ ကြပြီ'' ဟုဟစ်အော်၏။ လူတို့သည်အခန်း တစ်ခုထဲတွင်စောင့်နေကြ၏။ သို့ရာတွင် ရှံဆုန်သည်မိမိလက်များမှကြိုးတို့ကို ချည်မျှင်သဖွယ်ဖြတ်တောက်လိုက်လေသည်။
ထိုအခါဒေလိလသည်သူ့အားချော့၍ သိပ်ပြီးလျှင် သူ၏ဆံပင်ခုနစ်စုကိုယူ၍ ရက်ကန်းစင်ထဲသို့ရက်သွင်းကာသပ်ရိုက် ထားလိုက်၏။ ထိုနောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုး သားတို့လာနေကြပြီ'' ဟုဟစ်အော်လေသည်။ သို့ရာတွင်ရှံဆုန်သည်နိုးထပြီးလျှင် မိမိ ၏ဆံပင်ကိုယက်ကန်းစင်မှဆွဲထုတ်လိုက် ၏။