သူကြီး 15:3Common Language Bibleရှံဆုန်ကလည်း``ဖိလိတ္တိအမျိုးသားတို့အား ဤတစ်ကြိမ်ငါပြုသည့်အမှုအတွက်ငါ ၌တာဝန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၍၊- အခန်းကိုကြည့်ပါ။ |
လေးရက်မြောက်သောနေ့၌သူတို့က ရှံဆုန်၏ ဇနီးအား``သင်၏ခင်ပွန်းကိုလှည့်ဖြား၍ထို စကားထာကိုငါတို့သိရှိရအောင်ဖော်ပြ ခိုင်းပါလော့။ အကယ်၍ဤသို့သင်မပြုပါ မူသင်နှင့်တကွသင့်ဖခင်၏နေအိမ်ကိုပါ ငါတို့မီးရှို့ဖျက်ဆီးပစ်မည်။ သင်တို့ဇနီး မောင်နှံနှစ်ယောက်သည် ငါတို့၏ပစ္စည်းဥစ္စာ ကိုလုယူလို၍ငါတို့အားဖိတ်ခေါ်ခဲ့ သည်မဟုတ်လော'' ဟုကြိမ်းမောင်းကြ၏။
သို့ရာတွင်ထာဝရဘုရားသည်ဖိလိတ္တိအမျိုး သားတို့အား တိုက်ခိုက်ရန်အခွင့်အခါကိုရှာ လျက်ရှိသဖြင့် ရှံဆုန်အားဤအမှုအရာကို ပြုစေတော်မူလျက်ရှိကြောင်းကိုမူသူ၏ မိဘတို့သည်မသိကြ။ ထိုကာလသည်ကား ဣသရေလအမျိုးသားတို့အပေါ်ဝယ် ဖိလိတ္တိအမျိုးသားတို့ကြီးစိုးလျက်နေ သောကာလတည်း။