သူကြီး 15:19Common Language Bibleထိုအခါထာဝရဘုရားသည်လေဟိအရပ် မြေချိုင့်တစ်နေရာတွင် စမ်းပေါက်စေတော်မူ သဖြင့်ရေထွက်လာ၏။ ရှံဆုန်သည်ထိုရေကို သောက်ရ၍လန်းဆန်းလာလေသည်။ သို့ဖြစ် ၍ထိုစမ်းပေါက်ကိုအဟက္ကောရဟုခေါ်ဝေါ် ၍ယနေ့တိုင်အောင်လေဟိအရပ်၌ရှိသ တည်း။- အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်သို့မျှော်ကြည့်ကြလော့။ သင်တို့မြင်ရသည့်ကြယ်များကိုအဘယ်သူ ဖန်ဆင်းတော်မူပါသနည်း။ ယင်းတို့အားစစ်သည်ဗိုလ်ခြေသဖွယ် ထုတ်ဆောင်လာတော်မူသောအရှင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်ကြယ်များကိုရေတွက် ထားတော်မူပြီးလျှင်နာမည်တပ်၍ ခေါ်တော်မူပါသည်တကား။ ကိုယ်တော်သည်လွန်စွာတန်ခိုးကြီးတော်မူသဖြင့် ထိုကြယ်တို့သည်တစ်လုံးတစ်လေမျှ ပျောက်ပျက်သည့်အခါဟူ၍မရှိ။