Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 15:11

Common Language Bible

ထို​အ​ခါ​ယု​ဒ​ပြည်​သား​လူ​သုံး​ထောင်​တို့​သည် ရှံ​ဆုန်​နေ​သော​ဧ​တံ​ကျောက်​ဂူ​သို့​သွား​၍​သူ့ အား``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ငါ​တို့​အား အ​စိုး​ရ​သူ​များ​ဖြစ်​သည်​ကို​သင်​မ​သိ​ပါ သ​လော။ အ​ဘယ်​သို့​အ​မှု​ကို​ငါ​တို့​အား​သင် ပြု​ခဲ့​ပါ​ပြီ​နည်း'' ဟု​မေး​ကြ​၏။ သူ​က​လည်း``ငါ​သည်​သူ​တို့​ငါ့​အား​ပြု​သည် အ​တိုင်း​သာ​လျှင် သူ​တို့​အား​ပြု​ခဲ့​ပါ​၏'' ဟု ဖြေ​ကြား​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဟု​ရ​သည်​ဖ​ခင်​ဖြစ်​သူ​ကာ​လက်​၏​ဇ​နီး​ဧ​ဖ ရတ်​မှ​မွေး​သော​သား​ဦး​ဖြစ်​၍ သူ​၏​သား​မြေး တို့​သည်​ဗက်​လင်​မြို့​ကို​တည်​ထောင်​ကြ​၏။ ဟု​ရ တွင်​ဧ​တံ၊ ပေ​နွေ​လ၊ ဧ​ဇာ​ဟူ​သော​သား​သုံး ယောက်​ရှိ​၏။ ဧ​တံ​တွင်​ယေ​ဇ​ရေ​လ၊ ဣ​ရှ​မ နှင့်​ဣ​ဒ​ဗတ်​ဟူ​သော​သား​သုံး​ယောက်​နှင့် ဟာ​ဇ​လေ​လ​ပေါ​နိ​ဟူ​သော​သ​မီး​တစ် ယောက်​ရှိ​၏။ ပေ​နွေ​လ​သည်​ဂေ​ဒေါ်​မြို့​ကို တည်​ထောင်​၍​ဧ​ဇာ​သည်​ဟု​ရှ​မြို့​ကို​တည် ထောင်​၏။

သင်​တို့​သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​ဖောက်​ဖျက် သည့်​အ​တွက် သင်​တို့​အား​စစ်​ဘေး​စစ်​ဒဏ်​သင့် စေ​မည်။ ထို​အ​ခါ​သင်​တို့​သည်​မြို့​များ​သို့​ပြေး ၍​ခို​လှုံ​ကြ​လျှင် ငါ​သည်​သင်​တို့​တွင်​ကု​သ​၍ မ​ရ​နိုင်​သော​ရော​ဂါ​ကပ်​ဆိုက်​ရောက်​စေ​သ​ဖြင့် သင်​တို့​သည်​ရန်​သူ​တို့​လက်​တွင်း​သို့​ကျ​ရောက် လိမ့်​မည်။-

သင်​တို့​အား​ငါ​ယ​နေ့​ဆင့်​ဆို​သော​ပ​ညတ် များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း လျှင် သင်​တို့​သည်​နိုင်ငံ​များ​၏​နောက်​လိုက်​မ​ဖြစ် ဘဲ​ခေါင်း​ဆောင်​နေ​ရာ​၌​နေ​ရ​လိမ့်​မည်။ သင် တို့​သည်​စီး​ပွား​မ​ကျ​ဆင်း​ဘဲ အ​စဉ်​အ​မြဲ တိုး​တက်​လိမ့်​မည်။-

``သင်​တို့​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​တို့​သည် ဂုဏ်​အ​သ​ရေ​တိုး​မြင့်​သည်​ထက် တိုး​မြင့်​၍ သင်​တို့​မှာ​မူ​ကား​ဂုဏ်​အ​သ​ရေ ကျ​ဆင်း​လာ​လိမ့်​မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သို့ ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​အ​နှစ် လေး​ဆယ်​ပတ်​လုံး ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ၏​စိုး​မိုး​အုပ်​ချုပ်​မှု​ကို​ခံ​စေ​တော်​မူ​၏။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား တိုက်​ခိုက်​ရန်​အ​ခွင့်​အ​ခါ​ကို​ရှာ လျက်​ရှိ​သ​ဖြင့် ရှံ​ဆုန်​အား​ဤ​အ​မှု​အ​ရာ​ကို ပြု​စေ​တော်​မူ​လျက်​ရှိ​ကြောင်း​ကို​မူ​သူ​၏ မိ​ဘ​တို့​သည်​မ​သိ​ကြ။ ထို​ကာ​လ​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​ဝယ် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကြီး​စိုး​လျက်​နေ သော​ကာ​လ​တည်း။

ယု​ဒ​ပြည်​သူ​တို့​က``သင်​တို့​သည်​အ​ဘယ် ကြောင့်​ငါ​တို့​အား​တိုက်​ခိုက်​ကြ​ပါ​သ​နည်း'' ဟု​မေး​လျှင်​သူ​တို့​က``ငါ​တို့​သည်​ရှံ​ဆုန်​ကို ဖမ်း​ဆီး​၍ ငါ​တို့​အား​သူ​ပြု​သ​ကဲ့​သို့​သူ့ အား​ပြု​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​သည်'' ဟု​ပြန်​လည်​ပြော​ကြား​ကြ​၏။-

သူ​တို့​သည်​ရှံဆုန်​အား``ငါ​တို့​လာ​ရောက်​ကြ ခြင်း​မှာ​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက် သို့​အပ်​နှံ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။ ရှံ​ဆုန်​က​လည်း``သင်​တို့​ကိုယ်​တိုင်​ငါ့​အား မသတ်​ပါ​ဟု​က​တိ​ပြု​ပါ​လော့'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ