သူကြီး 14:9Common Language Bibleသူသည်ပျားရည်အနည်းငယ်ကိုလက်ထဲ သို့ခြစ်ယူကာခရီးပြုရင်းစား၏။ မိဘ တို့ထံသို့ရောက်သောအခါ၌သူတို့အား လည်းအနည်းငယ်ပေး၍စားစေ၏။ သို့ရာ တွင်ပျားရည်ကိုခြင်္သေ့အသေကောင်၏ အထဲမှရရှိကြောင်းကိုမူရှံဆုန်သည် သူတို့အားမပြောချေ။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ရက်အနည်းငယ်ကြာသောအခါ ရှံဆုန်သည် ထိုသူငယ်မနှင့်လက်ထပ်ထိမ်းမြား ရန်ပြန်လာ၏။ ထိုခရီးတွင်သူသည်လမ်းမ မှလွှဲရှောင်ကာ မိမိယခင်ကသတ်ခဲ့သည့် ခြင်္သေ့ကိုကြည့်ရှုရန်သွားရာခြင်္သေ့အသေ ကောင်ထဲ၌ပျားအုံနှင့်ပျားများကိုတွေ့ ရှိရသဖြင့်အံ့သြ၍သွားလေသည်။-
တစ်နေ့သ၌ယောနသန်သည် မိမိ၏လက် နက်ကိုသယ်ဆောင်သူလူငယ်အား``ဖိလိတ္တိ တပ်စခန်းသို့ငါတို့ဝင်ရောက်ကြအံ့'' ဟု ဆို၏။ ယင်းသို့ဆိုသော်လည်းဂိဗာမြို့နှင့် မလှမ်းမကမ်းရှိမိဂြုန်ရွာ၊ သလဲပင်အောက် တွင်စခန်းချလျက်နေသောခမည်းတော် ထံမှခွင့်ပန်ခြင်းမပြုခဲ့။ မင်းကြီး၏ထံ တွင်လူခြောက်ရာခန့်ရှိသတည်း။-