သူကြီး 14:15Common Language Bibleလေးရက်မြောက်သောနေ့၌သူတို့က ရှံဆုန်၏ ဇနီးအား``သင်၏ခင်ပွန်းကိုလှည့်ဖြား၍ထို စကားထာကိုငါတို့သိရှိရအောင်ဖော်ပြ ခိုင်းပါလော့။ အကယ်၍ဤသို့သင်မပြုပါ မူသင်နှင့်တကွသင့်ဖခင်၏နေအိမ်ကိုပါ ငါတို့မီးရှို့ဖျက်ဆီးပစ်မည်။ သင်တို့ဇနီး မောင်နှံနှစ်ယောက်သည် ငါတို့၏ပစ္စည်းဥစ္စာ ကိုလုယူလို၍ငါတို့အားဖိတ်ခေါ်ခဲ့ သည်မဟုတ်လော'' ဟုကြိမ်းမောင်းကြ၏။ အခန်းကိုကြည့်ပါ။ |
ဧဖရိမ်အမျိုးသားတို့သည်စစ်တိုက်ရန်ပြင် ဆင်ကြ၏။ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ် ကျော်ကာဇာဖုန်မြို့သို့ချီသွားပြီးလျှင် ယေဖသအား``သင်တို့သည်ငါတို့ကိုမခေါ် ဘဲအဘယ်ကြောင့်အမ္မုန်အမျိုးသားတို့အား ချီတက်တိုက်ခိုက်ခဲ့ပါသနည်း။ သင်ရှိရာ သင်၏အိမ်ကိုငါတို့မီးရှို့ဖျက်ဆီးပစ်မည်'' ဟုပြော၏။
ဤအမှုကိုမည်သူပြုသည်ကိုဖိလိတ္တိ အမျိုးသားတို့စုံစမ်းမေးမြန်းကြသော အခါ တိမနမြို့မှသူ၏ယောက္ခမသည် ရှံဆုန်၏ဇနီးအားရှံဆုန်၏မိတ်ဆွေတစ်ဦး နှင့်ပေးစားလိုက်သောကြောင့် ရှံဆုန်ဤကဲ့သို့ ပြုသည်ကိုသိရှိကြရ၏။ ထို့ကြောင့်သူတို့ သည်ထိုအမျိုးသမီးနှင့်သူ၏ဖခင်၏ အိမ်ကိုမီးရှို့ကြလေသည်။
ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဒေလိလထံ သို့လာ၍``ရှံဆုန်သည်အဘယ်ကြောင့်ဤမျှ ခွန်အားကြီးရကြောင်းကိုလည်းကောင်း၊ သူ့ အားအဘယ်သို့နှိမ်နင်း၍ချည်နှောင်ထား နိုင်ကြောင်းကိုလည်းကောင်းသိရှိရန်သူ့အား ဖြားယောင်း၍မေးပါ။ ငါတို့တစ်ယောက်လျှင် ငွေတစ်ဆယ့်တစ်ပိဿာစီပေးပါမည်'' ဟုပြော၏။