Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 14:12

Common Language Bible

ရှံ​ဆုန်​က​သူ​တို့​အား``သင်​တို့​အား​စ​ကား ထာ​ကို​ငါ​ဝှက်​မည်။ သင်​တို့​သည်​မင်္ဂ​လာ​ဆောင် ပွဲ​ရက်​ခု​နစ်​ရက်​မ​လွန်​မီ​ဖော်​နိုင်​လျှင် ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ကို​ငါ​ပေး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ညီ​အစ်​ကို​တစ်​ယောက်​စီ​တစ်​ယောက် စီ​တို့​အား​အ​ဝတ်​အ​ထည်​တစ်​စုံ​ကျ​ပေး​၏။ ဗင်္ယာ​မိန်​အ​တွက်​မူ​ကား​ငွေ​သား​သုံး​ရာ​နှင့် အ​ဝတ်​အ​ထည်​ငါး​စုံ​ပေး​လေ​၏။-

ရှေ​ဘ​ပြည့်​ရှင်​ဘု​ရင်​မ​သည် ရှော​လ​မုန်​၏​ကျော် စော​ကိတ္တိ​သ​တင်း​ကို​ကြား​လျှင် ခက်​ခဲ​သော​ပုစ္ဆာ များ​ဖြင့်​မင်း​ကြီး​အား​ပ​ညာ​စမ်း​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​လာ​တော်​မူ​၏။-

ဂေ​ဟာ​ဇိ​က``မ​ရှိ​ပါ။ သို့​ရာ​တွင်​ကျွန်​တော်​၏​သ​ခင် က ယ​ခု​ပင်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​မှ​ပ​ရော​ဖက် နှစ်​ပါး​ရောက်​ရှိ​လာ​သ​ဖြင့် သူ​တို့​အ​တွက်​ငွေ​သား သုံး​ထောင်​နှင့်​ဝတ်​စုံ​နှစ်​စုံ​ကို​အ​ရှင့်​ထံ​မှ​တောင်း​ခံ ရန် ကျွန်​တော်​အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု​ဖြေ​၏။

မင်း​ကြီး​က``ဣသ​ရေ​လ​ဘု​ရင်​ထံ​သို့​သွား​၍​ဤ စာ​ကို​ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​နေ​မန် သည်​ငွေ​သား​သုံး​သောင်း၊ ရွှေ​သား​ခြောက်​ထောင်​နှင့် ဝတ်​စား​တန်​ဆာ​ဆယ်​စုံ​ကို​ယူ​၍​ထွက်​ခွာ​သွား လေ​သည်။-

ရှော​လ​မုန်​မင်း​နှင့်​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​မှ​တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင် အောင် အ​ရပ်​ရပ်​မှ​လာ​ရောက်​ကြ​သော​ဣသ​ရေ​လ ပြည်​သူ​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ​ပွဲ တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ပြီး​နောက်၊-

ငါ​သည်​စ​ကား​ပုံ​များ​ကို​အာ​ရုံ​စိုက်​၍​စဉ်း​စား​မည်။ ယင်း​တို့​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​စောင်း​တီး​လျက် ရှင်း​လင်း​ဖော်​ပြ​မည်။

ဥာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတို့ကို၎င်း၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။

ချောသောအထည်လိပ်ကို ရက်၍ရောင်းတတ် ၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ချတတ်၏။

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘုရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​သိ​ရှိ​ကြ​စေ ရန် စ​ကား​ထာ​ဝှက်​၍​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို ပြော​ပြ​လော့။ အ​ခါ​တစ်​ပါး​က​သန်​စွမ်း သော​အ​တောင်​ကြီး​များ​နှင့် ရှည်​သော​အ​မွေး အ​တောင်​များ​ရှိ​သည့်​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ့​မှာ​အ​ရောင်​စုံ​၍​လှ​ပ သော​အ​မွေး​အ​တောင်​များ​ရှိ​၏။ သူ​သည် လေ​ဗ​နုန်​တောင်​ထိပ်​သို့​ပျံ​သန်း​ပြီး​လျှင် အာ​ရစ်​ပင်​ထိပ်​ဖျား​တွင်​နား​လျက်၊-

ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး သည်​စ​ကား​ထာ​များ​သာ​ပြော​ဆို​နေ​ခြင်း ဖြစ်​သည်​ဟု လူ​အ​ပေါင်း​တို့​ပြော​ဆို​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ထား​၏။

သူ​တို့​အား​ပုံ​ဥ​ပ​မာ​ဆောင်​၍​ငါ​ပြော​ရ​သည့် အ​ကြောင်း​မှာ​သူ​တို့​သည်​ကြည့်​သော်​လည်း​မ​မြင်၊ နား​ထောင်​သော်​လည်း​မ​ကြား​သို့​မ​ဟုတ်​နား​မ လည်​သော​ကြောင့်​ဖြစ်​၏။

သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဤ အ​ကြောင်း​အ​ရာ​များ​ကို​ပုံ​ဥ​ပ​မာ​ဆောင်​၍ ဟော​ကြား​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ဆောင်​ဘဲ အ​ဘယ်​အ​ကြောင်း​အ​ရာ​ကို​မျှ​ဟော​ကြား တော်​မ​မူ။-

စစ်​သား​များ​သည်​ကိုယ်​တော်​အား​အ​ဝတ်​တော် ကို​ချွတ်​၍​ကမ္ဗ​လာ​နီ​ဝတ်​လုံ​ကို​ခြုံ​ပေး​ကြ​၏။-

``သံ​ချေး​ပိုး​ရွ​ဖျက်​ဆီး​တတ်​၍​သူ​ခိုး​ဋ္ဌား​ပြ ထွင်း​ဖောက်​ခိုး​ယူ​နိုင်​သော​လော​က​ဘဏ္ဍာ​ကို မ​စု​ဆောင်း​ကြ​နှင့်။-

စား​သောက်​ပွဲ​သို့​ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည် အ​ကောင်း​ဆုံး​သော​နေ​ရာ​များ​ကို​ရွေး​ချယ်​နေ ကြ​သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ထို​သူ တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​မိန့်​ကြား​တော်​မူ​၏။-

တ​ပည့်​တော်​တို့​က ``ကိုယ်​တော်​သည် ယ​ခု​အ​ခါ ၌​ပုံ​ပ​မာ​မ​ဆောင်​ဘဲ​ပွင့်​လင်း​စွာ​မိန့်​တော်​မူ ပါ​၏။-

ယ​ခု​အ​ခါ​ငါ​တို့​သည်​ကြေး​မုံ​တွင်​ပေါ်​လာ သည့်​ပုံ​သဏ္ဌာန်​ကို​မြင်​ရ​သ​ကဲ့​သို့​မ​ထင်​မ​ရှား တွေ့​မြင်​ရ​ကြ​၏။ ထို​အ​ခါ​၌​မူ​ကား​မျက်​ဝါး ထင်​ထင်​တွေ့​မြင်​ရ​လတ္တံ့။ ယ​ခု​အ​ခါ​ငါ​သည် စုံ​လင်​စွာ​မ​သိ​မ​မြင်​ရ။ ထို​အ​ခါ​၌​ကား ဘု​ရား​သ​ခင်​သည်​ငါ့​ကို​စုံ​လင်​စွာ​သိ​မြင် တော်​မူ​သ​ကဲ့​သို့​ငါ​သည်​စုံ​လင်​စွာ​သိ မြင်​ရ​လိမ့်​မည်။

သင်​တို့​၏​စည်း​စိမ်​ဥစ္စာ​သည်​ဆွေး​မြေ့​လေ​ပြီ။ သင်​တို့​၏​အ​ဝတ်​များ​သည်​ပိုး​ကိုက်​စား​ကုန် ပြီ။-

အ​ရပ်​သား​တို့​သည်​သူ့​ကို​မြင်​လျှင်​လူ​ပျို လူ​ရွယ်​သုံး​ဆယ်​ကို​သူ​နှင့်​အ​တူ​ပွဲ​ခံ​စေ ခြင်း​ငှာ​စေ​လွှတ်​လိုက်​ကြ​၏။-

မ​ဖော်​နိုင်​လျှင်​ငါ့​အား​သင်​တို့​က​ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ပေး​ကြ​ရ​မည်'' ဟု​ဆို​၏။ ``သူ​တို့​က​စ​ကား​ထာ​ကို​ဝှက်​သာ​ဝှက်​ပါ။ ငါ​တို့​နား​ထောင်​ပါ​ရ​စေ'' ဟု​ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ