မာနော်က``သို့ဖြစ်ပါလျှင်သင်ပြောသည့် အတိုင်းဖြစ်ပျက်လာသောအခါ ထိုသူငယ် သည်အဘယ်အရာကိုပြုရပါမည်နည်း။ အဘယ်သို့နေထိုင်ပြုမူရပါမည်နည်း'' ဟုမေး၏။
သူသည်မိမိ၏သားမြေးတို့အား ငါ့စကားကို နာခံစေရန်နှင့်မှန်ကန်ဖြောင့်မတ်စွာကျင့်ကြံစေ ရန် ပညတ်ထားနိုင်စေအံ့သောငှာသူ့ကိုငါရွေး ကောက်ပြီ။ ထိုသို့သူတို့နာခံကျင့်ကြံကြလျှင် သူ့အားကတိထားသမျှအတိုင်းငါပြုမည်'' ဟုအကြံတော်ရှိ၏။
နံနက်ချိန်တိုင်း၌ကျွန်တော်မျိုးအား ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို သတိရစေတော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ ကျွန်တော်မျိုးလျှောက်သင့်သည့်လမ်းကို ပြညွှန်တော်မူပါ။
သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
ငါ့အဘသွန်သင်၍မြွက်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌ သွင်းမိ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။
မိဘတို့၊ သားသမီးများကိုစိတ်ဆိုးစေရန်မပြု ကြနှင့်။ သို့ရာတွင်သူတို့အားသခင်ဘုရား၏ အလိုတော်နှင့်အညီသွန်သင်ဆုံးမကြလော့။
မာနော်သည်လည်းထ၍မိမိဇနီးနောက်သို့ လိုက်သွားပြီးလျှင်သူ့အား``သင်သည်အကျွန်ုပ် ၏ဇနီးနှင့်စကားပြောခဲ့သူမှန်ပါသလော'' ဟုမေး၏။ ``မှန်ပါသည်'' ဟုထိုသူကဆို၏။
ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သင်၏ဇနီးသည်သူ့အားငါပြောပြ ခဲ့သမျှသောအရာတို့ကိုသေချာစွာဆောင် ရွက်ရမည်။-