သူ့အား``အမ္မုန်အမျိုးသားများကိုတိုက်ခိုက် ရန် ငါတို့အားဦးဆောင်ပါ'' ဟုပြောကြား ကြ၏။
သားချင်းစုဝင်တို့သည်မိမိတို့အထဲမှ လူတစ်စုံတစ်ယောက်ကိုရွေးချယ်ကာ``ယုတ်စွ အဆုံးသင့်မှာအဝတ်အစားရှိပါသေးသည်။ သို့ဖြစ်၍ယခုလိုဒုက္ခရောက်ချိန်၌ငါတို့ ၏ဦးစီးခေါင်းဆောင်ပြုလုပ်ပေးပါ'' ဟုဆို ကြသည့်အချိန်ကျရောက်လာလိမ့်မည်။
ထိုအခါ၌အမ္မုန်တပ်မတော်သည်စစ်ပွဲဝင် ရန်အသင့်ပြင်လျက် ဂိလဒ်ပြည်တွင်စခန်း ချလေသည်။ ဣသရေလအမျိုးသားတို့ သည်စုရုံး၍ ဂိလဒ်ပြည်မိဇပါမြို့၌တပ် ချကြ၏။-
ထိုအခါဂိလဒ်ပြည်၏ခေါင်းဆောင်တို့သည် ယေဖသကိုခေါ်ယူရန်တောဘပြည်သို့သွား၍၊-
သို့ရာတွင်ယေဖသက``သင်တို့သည်ငါ့ကို အလွန်မုန်းသဖြင့်အဖအိမ်မှနှင်ထုတ်ခဲ့ ကြ၏။ ယခုဒုက္ခရောက်သောအခါကျမှ အဘယ်ကြောင့်ငါ့ထံသို့လာကြပါသနည်း'' ဟုပြန်ပြောလေသည်။