Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 11:39

Common Language Bible

နှစ်​လ​မျှ​ကြာ​သော​အ​ခါ​သူ​သည်​မိ​မိ​၏ ဖ​ခင်​ထံ​သို့​ပြန်​လာ​လေ​သည်။ ဖ​ခင်​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​သစ္စာ​က​တိ ပြု​ထား​သည့်​အ​တိုင်း​ပြု​သ​ဖြင့် သူ​ငယ်​မ သည်​အ​ပျို​စင်​အ​ဖြစ်​နှင့်​ပင်​လျှင်​ဘ​ဝ ဆုံး​ရ​လေ​တော့​၏။ ဤ​အ​ဖြစ်​အပျက်​ကြောင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ယော​ရှိ​မင်း​အ​ကြောင်း ငို​ချင်း​တစ်​ပုဒ်​ကို​ရေး​စပ်​သီ​ကုံး​၍ အ​မျိုး သား​အ​မျိုး​သ​မီး​အ​ဆို​တော်​များ​က​ယော​ရှိ ကွယ်​လွန်​သည့်​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့် အ​ထိမ်း​အ​မှတ်​ပြု​ရာ​တွင်​ဤ​သီ​ချင်း​ကို သီ​ဆို​ကြ​လေ​သည်။ ယင်း​သို့​သီ​ဆို​မှု​မှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ ဖြစ်​လာ​ရာ၊ ထို​ငို​ချင်း​သည်​ငို​ချင်း​ပေါင်း ချုပ်​တွင်​ပါ​ဝင်​လေ​သည်။

လူ​တို့​သည်​မိ​မိ​တို့​စိတ်​အ​လို​ဆန္ဒ​အ​တိုင်း ပြု​ကျင့်​တတ်​ကြ​၏။ သူ​တို့​အ​တွက်​နွား​ကို သတ်​၍​ယဇ်​ပူ​ဇော်​ခြင်း​သည်​လူ​ကို​သတ်​၍ ပူ​ဇော်​ခြင်း​နှင့်​အ​တူ​တူ​ဖြစ်​၏။ သိုး​ကို​ပူ ဇော်​ခြင်း​နှင့်​ခွေး​ကို​ပူ​ဇော်​ခြင်း​အ​တူ​တူ ဖြစ်​၏။ သီး​နှံ​ပူ​ဇော်​သ​ကာ​သည်​ဝက်​သွေး ပူ​ဇော်​သ​ကာ​နှင့်​တူ​၏။ နံ့​သာ​ပေါင်း​ကို​မီး ရှို့​ပူ​ဇော်​ခြင်း​သည်​ရုပ်​တု​ရှေ့​တွင်​ဆု​တောင်း ခြင်း​နှင့်​အ​တူ​တူ​ပင်​ဖြစ်​သည်။ သူ​တို့​သည် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​ရာ​များ ၌​မွေ့​လျော်​တတ်​ကြ​၏။-

သူ​တို့​၏​ဘု​ရား​ဝတ်​ပြု​နည်း​ကို​အ​တု​မ​ယူ ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​များ ကို​ဝတ်​ပြု​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​မုန်း​တီး​ရွံ ရှာ​တော်​မူ​သော​အ​မှု​များ​ကို​ပြု​လုပ်​ကြ သော​ကြောင့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​သည့်​အ​ခါ သူ​တို့​ကဲ့​သို့ ဝတ်​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​သား​သ​မီး​များ​ကို​ပင်​ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ပူ​ဇော်​ကြ​၏။-

အ​ကျွန်ုပ်​အား​ခ​ရီး​ဦး​ကြို​ပြု​ရန်​အိမ်​မှ ဦး​စွာ​ပ​ထ​မ​ထွက်​လာ​သူ​အား မီး​ရှို့​ရာ ယဇ်​အ​ဖြစ်​ဖြင့်​ကိုယ်​တော်​အား​ပူ​ဇော်​ဆက် သ​ပါ​မည်။''

ယေ​ဖ​သ​သည်​သမီး​ဖြစ်​သူ​အား​နှစ်​လ​မျှ ခွင့်​ပြု​၍ ထွက်​ခွာ​သွား​စေ​လေ​သည်။ သူ​ငယ်​မ သည်​အိမ်​ထောင်​မ​ကျ၊ သား​သ​မီး​မ​ရ​ဘဲ သေ​ဆုံး​ရ​တော့​မည်​ဖြစ်​၍ သူ​နှင့်​တ​ကွ​သူ ၏​အ​ပေါင်း​အ​ဖော်​တို့​သည်​တောင်​ရိုး​ပေါ် သို့​တက်​၍​ငို​ကြွေး​မြည်​တမ်း​ကြ​ကုန်​၏။-

ဣ​သ​ရေ​လ​ပြည်​ဂိ​လဒ်​မြို့​သား​ယေ​ဖ​သ ၏​သ​မီး​အ​တွက်​နှစ်​စဉ်​နှစ်​တိုင်း​လေး​ရက်​မျှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်​ထွက်​၍ ငို​ကြွေး​မြည်​တမ်း​ကြ​သည့်​ဋ္ဌ​လေ့​ထုံး​စံ​ရှိ သတည်း။

ဟန္န​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျွန်​မ​ကို​ရှု​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​မ​၏​ဒုက္ခ​ကို​ရှု​မှတ်​တော် မူ​လျက်​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ မေ့ လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည် ကိုယ်​တော်​၏​ကျွန်​မ​အား​သား​ဆု​ကို​ပေး တော်​မူ​လျှင် သူ့​ကို​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​ကိုယ်​တော်​ရှင်​အား​ဆက်​ကပ်​ပူ​ဇော် ပါ​မည်။ သူ​၏​ဆံ​ပင်​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​မ​ဖြတ်​မ​ရိတ်​စေ​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​လေ​၏။

သို့​ရာ​တွင်​ယ​ခု​အ​ကြိမ်​၌​ဟန္န​သည်​မ​လိုက် ဘဲ​နေ​၏။ သူ​သည်​မိ​မိ​ခင်​ပွန်း​အား``က​လေး ကို​နို့​ဖြတ်​ပြီး​လျှင်​ပြီး​ချင်း သူ့​အား​ထာ​ဝ​ရ ဘု​ရား​၏​အိမ်​တော်​တွင်​အ​မြဲ​နေ​စေ​ရန် ကျွန်​မ​ခေါ်​ဆောင်​သွား​ပါ​မည်'' ဟု​ပြော​၏။

သူ​သည်​သား​ငယ်​ကို​နို့​ဖြတ်​ပြီး​သော​အ​ခါ သုံး​နှစ်​သား​နွား​ထီး က​လေး​တစ်​ကောင်၊ မုန့်​ညက်​တစ်​တင်း၊ စ​ပျစ်​ရည် တစ်​ဘူး​ကို​ယူ​ဆောင်​လျက်​သား​ငယ်​နှင့်​အ​တူ ရှိ​လော​မြို့​သို့​သွား​၏။ သား​ငယ်​ရှ​မွေ​လ​သည် လွန်​စွာ​ငယ်​ရွယ်​နု​နယ်​သေး​သ​တည်း။-

သို့​ဖြစ်​၍​ကျွန်​မ​သည်​သူ့​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​ကပ်​အပ်​နှင်း​ပါ​၏။ သူ​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​ထာ​ဝ​ရ​ဘု​ရား အား​အပ်​နှင်း​ပါ​၏'' ဟု​လျှောက်​ထား​၏။ ထို​နောက်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။

ဤ​အ​တော​အ​တွင်း​၌​သူ​ငယ်​ရှ​မွေ​လ​သည် ပိတ်​ချော​သင်​တိုင်း​ကို​ဝတ်​၍​ထာ​ဝ​ရ​ဘု​ရား ၏​အ​မှု​တော်​ကို​ဆောင်​လျက်​နေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ